Main menu

Background

ဘိလပ်မြေဈေးကွက် အရောင်းပုံမှန်ရှိ

Thu, 09/26/2019 - 13:47 -- journal_editor

      မော်လမြိုင်ဘိလပ်မြေဈေးကွက်၌ မိုးရာသီဖြစ်နေသောကြောင့် အရောင်းအဝယ်ပါးကြောင်းသိရသည်။ ယခင်တစ် ပတ်မှာ ဈေးအနည်းငယ်  မြင့်ခဲ့သော် လည်း  ယခုတစ်ပတ်မှာ ဈေးငြိမ်နေ ကြောင်း သိရသည်။ ဈေးကွက် ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ ကြံ့ တစ်ကောင် (အပြာ)ကျပ် ၅၇၅၀၊ ဆင် မြန်မာကျပ် ၆၀၀၀၊ ကြံ့နှစ်ကောင် (နီ)ကျပ် ၆၀၀၀၊ ကြံ့နှစ်ကောင်(စိမ်း) ကျပ် ၆၂၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ တောင်ကြီးဘိလပ်မြေဈေးကွက်၌  မိုးမပြတ်သေးသောကြောင့် အရောင်း အဝယ်ပါးကြောင်းသိရသည်။ ဈေးကွက်ထဲ စိန်ဘိလပ်မြေနှင့်ကျားခေါင်း ဘိလပ်မြေ တို့က ပစ္စည်းပြတ်နေပြီး ကမ္ဘောဇနှင့် ကြံ့ဘိလပ်မြေတို့က  ကျပ် ၃၀၀ ဈေးကျကာ ကျန်ဘိလပ်မြေများက  ယခင်ဈေးအတိုင်းအရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ စိန် (ထိုင်း) ကျပ် ၈၁၀၀၊ အေသုံး လုံး ကျပ် ၅၂၀၀၊ အပါချီ ကျပ် ၅၁၀၀၊ ကမ္ဘောဇ ကျပ် ၄၉၀၀၊ ကြံ့ကျပ် ၅၁၀၀၊ ကျား ခေါင်း ကျပ် ၆၂၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း အိမ်ဆောက်ပစ္စည်းရောင်း ဝယ်ရေးဆိုင်မှ စုံစမ်းသိရှိရသည်။
     မန္တလေးဘိလပ်မြေဈေးကွက်၌ အရောင်းအဝယ်ကောင်းကြောင်းသိရသည်။ဈေးကွက်ထဲအယ်လ်ဖာ  ဘိလပ်မြေနှင့်ကြံ့ဘိလပ်မြေများက  ပစ္စည်းပြတ်နေပြီး ခရောင်းဘိလပ်မြေက ကျပ် ၃၀၀ ဈေးကျလာကြောင်း သိရ သည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ အေသုံးလုံး ကျပ် ၅၀၀၀၊ ကြံ့နှစ်ကောင် ကျပ် ၅၄၀၀၊ အယ်လ်ဖာ ကျပ် ၅၃၀၀၊ ခရောင်း(၅၂၅) ကျပ် ၅၃၀၀၊ ခရောင်း(၄၂၅)ကျပ် ၄၈၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။ မကွေးဘိလပ်မြေဈေးကွက်၌ အရောင်းအဝယ်ပုံမှန်ရှိပြီး ဈေးငြိမ်ကြောင်း သိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ  အပါချီ ကျပ် ၅၄၀၀၊ ဆင်(ထိုင်း) ကျပ် ၆၅၀၀၊ ကြံ့ကျပ် ၅၄၀၀၊ ကမ္ဘောဇ ကျပ် ၄၃၀၀၊ ဘလူးဒိုင်းမွန်းကျပ် ၅၆၀၀၊ အယ်လ်ဖာ ကျပ် ၆၂၀၀ နှင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

 

သီတာဝင်း (DOT)