Main menu

Background

ဗီယက်နမ်နိုင်ငံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတင်ပို့မှု ဆက်လက်ကျဆင်း

Thu, 09/26/2019 - 13:55 -- journal_editor

     ဗီယက်နမ်နိုင်ငံသည် ယခုနှစ်ပထမ ရှစ်လအတွင်း ဟင်းသီးဟင်း ရွက်နှင့် သစ်သီးဝလံတင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဒသမ ၅၃ ဘီလီယံရရှိပြီး တစ်နှစ်ထက်တစ်နှစ် ၅ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းလာကြောင်း စိုက် ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ  စိုက်ပျိုး ထုတ်လုပ်မှုနှင့် ဈေးကွက်ဖွံ့ဖြိုးရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါရရှိသည့်ကိန်းဂဏန်းသည် သြဂုတ်လတွင် ရရှိသည့် ကန် ဒေါ်လာ ၂၄၆ သန်း ပါဝင် သည်။ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ဗီယက်နမ်နိုင်ငံ၏ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ၏ ၇၀ ဒသမ ၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံမှ  အများဆုံးတင်သွင်းပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၆၅ ဘီလီယံရရှိ ကာ တင်ပို့မှုမှာ တစ်နှစ်ထက်တစ် နှစ်  ၅ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ တရုတ်နိုင်ငံပြီးလျှင် အမေ ရိကန်သည် ဒုတိယအများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်ကာ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ၈၄ ဒသမ ၀၇ သန်းရရှိပြီး ၁၂ ဒသမ ၅ ရာခိုင်နှုန်းမြင့် တက်ခဲ့ကြောင်း၊ ကိုရီးယားနိုင်ငံသည် တတိယနေရာလိုက်ပြီး တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၇၆ ဒသမ ၉၁ သန်း၊ ၁၃ ဒသမ ၁ ရာခိုင်နှုန်း မြင့် တက်ခဲ့သည်။
    ထို့ပြင် ဗီယက်နမ်နိုင်ငံသည် သြဂုတ်လတွင်  အခြားသောနိုင်ငံ များမှလည်း ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို တန်ဖိုး ကန် ဒေါ်လာ ၁၃၄ သန်းဖိုး ဝယ်ယူခဲ့ပြီး ရှစ်လအတွင်း တင်သွင်းမှုမှာ ကန် ဒေါ်လာ ၁ဒသမ၂၈ ဘီလီယံရရှိခဲ့သည်။ မြောက်များစွာသော ဈေး ကွက်များတွင် အစားအစာ လုံခြုံစိတ်ချမှုနှင့် သဘာဝပတ်ဝန်းကျင်ကာ ကွယ်စောင့်ရှောက်ရေး စံချိန်စံညွှန်းများ၏ သတ်မှတ်ချက်များတိုးမြှင့် ခြင်း၊ အမေရိကန်နှင့် တရုတ်တို့၏ ကုန်သွယ်ရေး တင်းကျပ်မှုများ ပိုမို ပြင်းထန်လာခြင်း၊ ကမ္ဘာ့စီးပွားရေး မသေချာ မရေရာမှုများကြောင့် ယခု နှစ်ကျန်ရှိနေသော လများတွင်  ပို့ကုန်တင်ပို့မှုမှာ အခက်အခဲများစွာ ဆက်လက် ရင်ဆိုင်ရဖွယ်ရှိလိမ့်မည်ဟု ဗီယက်န မ်နိုင်ငံ စိုက်ပျိုးထုတ် လုပ်မှုနှင့် ဈေးကွက်ဖွံ့ဖြိုးရေးဌာနမှ ခန့်မှန်းထားကြောင်း သိရသည်။ 

 

နှင်းပန်းဖြူ(ဇေယျာကုန်သွယ်မှုဗဟိုဌာန)