Main menu

Background

တစ်ပတ်အတွင်း ရော်ဘာတန်ချိန် ၂၀၀၀ နီးပါးတင်ပို့

Thu, 09/26/2019 - 14:09 -- journal_editor

     စက်တင်ဘာ  ၇ ရက်မှ ၁၃ ရက်အထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ် နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာသုညဒသမ ၄၃၀ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၄၀၀ တင်ပို့ခဲ့ကြောင်း သိရသည်။ ယခု တစ်ပတ် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှတန်ချိန် ၂၀၀ နှင့် မြဝတီကုန်သွယ် ရေးစခန်းမှ Rubber Latex 60% DRC အမျိုးအစားတန်ချိန်၂၀၀ တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်း ယှဉ်ပါက တန်ချိန်၃၀၀ ကျော် ပိုမို တင်ပို့ နိုင်သည်။
      ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ စက်တင်ဘာ ၈ ရက်မှ ၁၄ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ နှစ်သန်းကျော်တန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန်ချိန် ၁၅၆၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့ခဲ့သောနိုင်ငံ များမှာ ဂျပန် နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများဖြစ်သည်။ ဂျပန်နိုင်ငံသို့ MSR-20 အမျိုးအစား ၁၉၆ တန်၊ ကိုရီးယားနိုင်ငံ TSR-20  အမျိုးအစားတန်ချိန် ၆၆၀ ကျော်၊ တရုတ်နိုင်ငံသို့ Synthetic Rubber အမျိုးအစား တန်ချိန် ၄၀၀ ကျော်၊ အိန္ဒိယနိုင်ငံသို့ MSR-10 အမျိုးအစားတန်ချိန် ၃၀၀ ကျော် ဖြစ်သည်။ ယခင် တစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၄၀၀ ကျော် ပိုမိုတင်ပို့ခဲ့ကြောင်း သိရ သည်။ ယခုတစ်ပတ်ရော်ဘာ တင်ပို့မှုစုစုပေါင်းမှာ တန်ချိန် ၁၉၀၀ ကျော်ဖြစ်သည်။ ယခုတစ်ပတ်အတွင်း နိုင်ငံတကာရော်ဘာဈေးမှာ အတက်အကျသိပ်မရှိ ကြောင်း သိရသည်။

 

ယဉ်ယဉ်အေး