Main menu

Background

ယခုတစ်ပတ် ရေလမ်းမှ ဘိလပ်မြေ ပြန်လည်တင်သွင်း

Tue, 10/01/2019 - 14:38 -- journal_editor

     စက်တင်ဘာ ၁၅ ရက် မှ ၂၁ ရက်သီတင်းပတ်အတွင်းအမေရိကန်ဒေါ်လာ ၃၂၄၃၈ တန်ဖိုးရှိ ဘိလပ်မြေ ၁၇၆ ဒသမ ၂၀ တန်ကို   ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် ထိုင်းနိုင်ငံမှ ၁၂၅ တန်နှင့် မလေးရှားနိုင်ငံမှ ၅၁ ဒသမ ၂၀ တန် တင်သွင်းခဲ့သည်။ နှစ်ပတ် ဆက်တိုက်တင်သွင်းမှု ပျောက်နေသောဘိလပ်မြေက ယခုတစ်ပတ်မှသာ ပြန်လည်တင်သွင်းခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ ၁၄ ရက်မှ ၂၀ ရက်အတွင်း နယ်စပ်လမ်းမှ  ဘိလပ်မြေအဝင်မှာ တန်ချိန် ၇၃၈၀ ကျော်ရှိခဲ့ပြီး ယခင်သီတင်းပတ်က ဘိလပ်မြေအဝင်မှာ တန်ချိန် ၆၃၀၀ ကျော်ရှိခဲ့ခြင်းကြောင့် ယခုတစ်ပတ်မှာတန်ချိန် ၁၀၈၀ ကျော်အဝင်ပိုခဲ့သည်။ ယခုတစ်ပတ် ရေလမ်းမှ ဘိလပ်မြေတန်ချိန် ၁၇၀ ကျော်နှင့် နယ်စပ်လမ်းမှ ဘိလပ်မြေ တန်ချိန် ၇၀၀၀ ကျော်ဝင်ခဲ့ကြောင်း သိရသည်။

 

သီတာဝင်း (DOT)