Main menu

Background

တမူးနယ်စပ်မှ အိန္ဒိယသို့ တစ်ပတ်အတွင်း တင်ပို့လျက်ရှိသည့် ကုန်ပစ္စည်းတန်ဖိုး

Tue, 10/01/2019 - 14:55 -- journal_editor

    စက်တင်ဘာ ၁၄ ရက်မှ ၂၀ ရက်အတွင်း တမူးနယ်စပ်မှ အိန္ဒိယသို့ တင်ပို့လျက်ရှိသည့် ကုန်ပစ္စည်းအမျိုးအစားများမှာ လယ်ယာထွက် ကုန်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ စက်မှုကုန်ကြမ်း ပစ္စည်းများနှင့် အခြား ပစ္စည်းများ တင် ပို့ကြောင်း သိရသည်။ ယခုတစ်ပတ်အတွင်း လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သော ကွမ်းသီး၊ စားတော်ပဲနှင့် ကြက်သွန်ဖြူတို့၏ ပို့ကုန်တန်ဖိုးမှာ အမေ ရိကန် ဒေါ်လာသန်းပေါင်း သုည ဒသမ ၈၃၇၊ ရေထွက်ပစ္စည်းများမှာ ငါးတန်၊ ငါးမြစ်ချင်း၊ ငါးမုတ် စသည်တို့၏ ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာသန်းပေါင်း သုည ဒသမ ၀၂၉၊ စက်မှုကုန်ကြမ်းပစ္စည်းများမှာ သကြားဖြူ၊ စီးကရက်၊ ဘိလပ်ဖျော်စက်စသည်တို့၏ တန်ဖိုးမှာ အမေ ရိကန်ဒေါ် လာသန်းပေါင်း သုည ဒသမ ၀၂၉ နှင့်နန့်ဖာလုံဈေးမှအခြား ပစ္စည်းများတန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်းပေါင်း သုည ဒသမ ၃၈၉ တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းတင်ပို့ခဲ့သည့်ပစ္စည်းများတန်ဖိုးမှာ အမေ ရိကန်ဒေါ်လာသန်းပေါင်း ၁ ဒသမ ၂၈၄ တင်ပို့နိုင်ခဲ့ကြောင်း၊ ယခင် တစ်ပတ်အတွင်း တင်ပို့မှုတန်ဖိုးမှာအမေရိကန်ဒေါ်လာ သန်းပေါင်း ၁ ဒသမ ၆၇၅ တန်ဖိုး တင်ပို့နိုင်ခဲ့၍ ယခုတစ်ပတ်ပို့ကုန်တန်ဖိုးမှာ  ယခင်တစ်ပတ်၏ ဒေါ်လာသန်းပေါင်း သုည ဒသမ ၃၉၁ လျော့နည်းခဲ့ သည်။ အိန္ဒိယနိုင်ငံ၏ ငွေလဲလှယ်မှုနှုန်းမှာ တစ်ရူပီးလျှင် မြန်မာငွေ ကျပ် ၂၀ ခန့်ရှိ ကြောင်းသိရသည်။

 

ကြည်ကြည်နွယ်