Main menu

Background

ကြက်၊ ဝက်အရှင်နှင့် ငါးအရှင် တွဲဖက်မွေးမြူမှုအတွက် အစိုးရ၏တုံ့ပြန်မှု မရရှိသေး

Thu, 10/24/2019 - 13:34 -- journal_editor

      ကြက်ခြံ၊ ဝက်ခြံတို့နှင့်အတူ ငါး တွဲဖက်မွေးမြူခြင်းများအတွက် မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ  လုပ်ငန်း ရှင်များက အစိုးရထံကန့်ကွက် တင်ပြ ထားသော်လည်း   တုံ့ပြန်မှုမရရှိသေး ကြောင်း သိရသည်။ ထိုကဲ့သို့ ကန့်ကွက်တင်ပြရခြင်း မှာ ကြက်၊ ဝက်များနှင့်အတူ ငါးတွဲဖက် မွေးမြူသောကြောင့် ငါးများတွင် ဆေး ယဉ်ပါး ရောဂါဖြစ်ပွားနိုင်သည့်အတွက် အဆိုပါ မွေးမြူရေးစနစ်ကို ပြန်လည် သုံးသပ်ရန် အစိုးရထံ တင်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။ “ဒီဟာကလေ ဥပဒေနဲ့သွားရ တော့မယ့်အပိုင်း ဖြစ်နေတယ်။ တို့နိုင်ငံ မှာက ဥပဒေမရှိဘူး ဖြစ်နေတယ်။ ဒါကို ဦးတို့ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ ဝန် ကြီးဌာနထံ တင်ပြထားတယ်။ ပြောလည်း ပြောပြထားပါတယ်။ ဒီနှစ် နှစ်စထဲမှာ ပဲ တင်ပြထားတယ်။   ဝန်ကြီးဌာနက တုံ့ပြန်အကြောင်းကြာ းလာတော့ မရှိ သေးဘူး။ ဒါက ဝန်ကြီးဌာနကနေ ဆုံး ဖြတ်ပေးရမယ့်ကိစ္စပါ”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမြင့်စိန်က ပြောသည်။

        ထို့ပြင် အများပြည်သူအတွက် စားသုံးမှု မပြုသင့်သည့်အပြင် ဈေး ကွက်တွင်းမှာလည်း ဈေးပေါပေါနှင့် ဝင်ရောက်နေသောကြောင့် ငါးမွေး မြူရေးတစ်မျိုးသာ လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များအနေဖြင့် ထိခိုက်လာ နိုင်ကြောင်း သိရသည်။ ထိုကဲ့သို့ မွေးမြူခြင်းကို ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီး အပါ အ ဝင် မြန်မာနိုင်ငံတစ်ဝန်းရှိ ငါးမွေးမြူ ရေးကန်များ၌ ကျင့်သုံး ဆောင်ရွက်နေ သည့်အတွက် ပြည်တွင်းငါးလုပ်ငန်း ကဏ္ဍအပြင် ရေထွက်ပို့ကုန်လုပ်ငန်း များကိုပါ ဆိုးကျိုး သက်ရောက်လာနိုင် ကြောင်း သိရသည်။ မြန်မာနိုင်ငံနှင့် အိမ်နီချင်းကပ် လျက်ဖြစ်သည့် တရုတ်နိုင်ငံတွင် ၂၀၁၀ ခုနှစ်၌ ကြက်နှင့် ငါးတွဲဖက် မွေးမြူခြင်း ကို လုံးဝ  မမွေးသင့်ဟုဆိုကာ ဥပဒေ ထုတ်ကန့်သတ်လိုက်ပြီး မြန်မာနိုင်ငံ တွင် ၂၀၁၀ ခုနှစ် နောက်ပိုင်း၌ ငါးကန် များပေါ်မှာ ခြံများအခိုင်အမာတည် ဆောက် လုပ်ကိုင်လာခြင်းဖြစ်ကြောင်း သိရသည်။                            

 

 

ချောစု