Main menu

Background

ယခုတစ်ပတ် ရေလမ်းမှ ဘိလပ်မြေအဝင်လျော့ပြီး နယ်စပ်လမ်းမှ အဝင်ပို

Thu, 11/07/2019 - 15:07 -- journal_editor

        အောက်တိုဘာ ၂၀ ရက် မှ ၂၆ ရက် သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၄၄၆၃ တန်ဖိုးရှိ   ဘိလပ်မြေ ၁၆၉   ဒသမ ၈၀၅ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် မလေးရှား နိုင်ငံမှ ၄၄ ဒသမ ၈၀၅ တန်နှင့် ထိုင်းနိုင်ငံမှ ၁၂၅ တန်တင်သွင်းခဲ့ကြောင်း သိရသည်။ ယခင်သီတင်းပတ် က ဘိလပ် မြေ ၂၁၀ ဒသမ ၇၄ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှု နှင့်နှိုင်းယှဉ်လျှင် ၄၀ ဒသမ ၉၃၅ တန် တင်သွင်းမှု လျော့နည်းခဲ့သည်။ အောက်တို ဘာ ၁၉ ရက်မှ ၂၅ ရက်အတွင်း နယ်စပ်လမ်းမှ ဘိလပ်မြေအဝင် မှာ တန်ချိန် ၉၆၂၀ ကျော်ရှိခဲ့ပြီး ယခင်သီတင်းပတ်က  ဘိလပ်မြေအဝင်မှာ တန်ချိန် ၃၃၅၀ကျော်ရှိခဲ့ခြင်းကြောင့် ယခုတစ်ပတ်မှာတန်ချိန် ၆၂၇၀ ကျော် အဝင်ပိုခဲ့သည်။ ထို့ကြောင့် ယခုတစ်ပတ် ရေကြောင်းလမ်းမှ အဝင်လျော့ခဲ့ပြီး နယ်စပ်လမ်းမှ အဝင်ပိုခဲ့သည်။

 

သီတာဝင်း (DOT)