Main menu

Background

မော်လမြိုင် မြေသြဇာဈေးကွက် အရောင်းပုံမှန်ရှိ

Fri, 11/08/2019 - 12:02 -- journal_editor

        အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ နယ်စပ်လမ်းမှ မြေသြဇာအဝင်မှာ တန် ၉၉၁၀ ကျော်ရှိခဲ့ပြီး ယခင် တစ်ပတ်အဝင်မှာ  တန်ချိန် ၉၀၇၀ ကျော်ရှိခဲ့ခြင်းကြောင့် ယခုတစ်ပတ်မှာတန်ချိန် ၈၄၀ကျော် အဝင်ပိုခဲ့ကြောင်း သိရ သည်။ ပြည်တွင်းဈေးကွက်များဖြစ်သည့် မော်လမြိုင်၊ မန္တလေးနှင့် တောင်ကြီးတို့တွင် အရောင်းအေးပြီး မကွေး၌ အ ရောင်းပုံမှန်ရှိကြောင်းသိရသည်။ မော်လမြိုင်ဈေးကွက်၌  အရောင်းအဝယ်ပုံမှန်ရှိသည်။ ယခင်တစ်ပတ်မှာ ဈေးအတက်အကျ အနည်းငယ်ရှိခဲ့ သော် လည်း ယခုတစ်ပတ်မှာ  ဈေးငြိမ်ကြောင်း သိရသည်။ ဈေးကွက်ထဲ    အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ ပုလဲ-အကြီး(ထိုင်း) မြင်းပျံကျပ် ၃၁၅၀ဝ၊ ပုလဲ-မြန်မာ (ရွှေတောင်-တရုတ်) ကျပ် ၂၉၀ဝ၀၊ ကွန်ပေါင်း (အစိမ်း)(၁၅း၁၅း၁၅)(ထိုင်း)ကျပ် ၄၅၀ဝ၀၊ မြန်မာ့ သြဘာ(ရွှေကောမတ်) ကျပ် ၃၉၀ဝ၀၊ တီစူပါ ၄၆%(သံကွင်း-တရုတ်) ကျပ် ၂၇၅၀ဝ၊ ပိုတက် (အာမို)ကျပ် ၃၂၀ဝ၀၊ တီစူပါ (၁၂း၁၃) (မြှားကမ္ဘာ) ကျပ် ၁၃၅၀ဝ၊ ပိုတက်(အာမို)ကျပ် ၃၁၅၀ဝ၊ ကွန်ပေါင်း (၄၆%)(စံပြ)ကျပ် ၄၇၀ဝ၀ ဖြင့်   အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရသည်။

        မန္တလေးဈေးကွက်၌ အရောင်းအဝယ်ပါးကြောင်းသိရသည်။  ယခင်တစ် ပတ်မှာ အာမို၊ ယူရီးယားနှင့်ပိုတက်က  ဈေးအပြောင်းအလဲအနည်းငယ်ရှိခဲ့သော် လည်း ယခုတစ်ပတ်မှာဈေးငြိမ်ကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်း အဝယ် ဖြစ်နေသည့်ဈေးမှာ   ယူရီးယား(ရွှေတောင်-တရုတ်)ကျပ် ၂၇၀ဝ၀၊ ယူရီးယား (ပန်းဖူး-တရုတ်) ကျပ် ၂၇၀ဝ၀၊ တီစူပါ(၄၆%-တရုတ်) ကျပ်၂၃၂၀ဝ၊ မြှားသီးစုံ ကျပ် ၁၈၄၀ဝ၊ ပန်းသီးစုံကျပ် ၁၈၁၀ဝ၊ အာမို (၁၆း၁၆း၈) ကျပ် ၁၆၅၀ဝ၊ အာမို ၁၅း ၁၅း၁၅ ကျပ် ၃၉၅၀ဝ၊ ပိုတက် ကျပ် ၂၈၀ဝ၀၊ မြှားကမ္ဘာကျပ် ၁၈၄၀ဝ၊ မြှား(၁၅း၇း၈) က ကျပ်၂၂၇၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ တောင်ကြီးဈေးကွက်၌  သီးနှံစိုက်ပျိုးရာသီ  မရောက်သေးသောကြောင့် အရောင်းအဝယ်ပါးကြောင်း သိရ သည်။ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေသည့် ဈေးမှာ ယူရီးယား (ရွှေတောင်-တရုတ်)ကျပ် ၂၈၈၀ဝ၊   ယူရီးယား (ပန်းဖူး-တရုတ်) ကျပ်၂၈၈၀ဝ၊ တီစူပါ၂၀% (တရုတ်) ကျပ် ၁၅၀ဝ၀၊    ပိုးသတ်ဆေး  ကျပ် ၂၂၀ဝ၊  တီစူပါ ၁၅ ပတ်လည် (တရုတ်) ကျပ်၄၀ဝ၀ဝ၊ တီစူပါ၁၀း၁၀း၅ (တရုတ်) ကျပ် ၁၉၂၀ဝ၊  ဓာတ်ဆား (တရုတ်)ကျပ်၁၇၀ဝ၀၊ ပိုတက်(တရုတ်) ကျပ် ၂၉၅၀ဝ၊ ယူရီးယား   (ယူအေအီး) ကျပ် ၂၇၀ဝ၀၊ မြှားကမ္ဘာ ကျပ် ၁၉၅၀ဝ၊ ပုလဲ-မြင်းပျံ   ကျပ် ၂၉၀ဝ၀၊ ရွက်ဖျန်း ကျပ် ၂၅၀ဝ၊ ဆိုင်ကလုန်း ကျပ်၃၀ဝ၀၊ ဆိုက်ပါကျပ် ၂၀ဝ၀ ဈေးဖြင့် အရောင်း အဝယ်ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

 

သီတာဝင်း(DOT)