Main menu

Background

စစ်တွေမြို့၌ စပါးဝယ်ယူရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Fri, 11/15/2019 - 11:40 -- journal_editor

        ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကကြီးမှူးပြီး စစ်တွေမြို့ ရွှေသဇင်ဟိုတယ်အစည်းအဝေးခန်းမ၌    စပါးဝယ်ယူရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၄ရက်တွင် ကျင်းပ သည်။ အစည်းအဝေးတွင်  ဘဏ္ဍာရေး၊ အခွန်၊  စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနပြည်နယ်ဝန်ကြီး ပြည်နယ်စပါးဝယ်ယူမှု ကြီးကြပ် ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်အေးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ပြည် နယ်ဦးစီးမှူး   ပြည်နယ်စပါးဝယ်ယူမှုကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး   ဦးတင်ဇော်ထွန်းက   တောင်သူလယ်သမား အခွင့်အရေးကာ ကွယ်ရေးနှင့်  အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ   တောင်သူများနစ်နာမှုမရှိစေရန် အခြေခံစပါး ဈေးနှုန်း ကျပ် ၅၀ဝ၀ဝ၀ အောက်ကျဆင်းသည့် မြို့နယ်များ တွင် စပါးဝယ်ယူသွားရန်၊ ဝယ်ယူရေး၊ သိုလှောင်ရေး၊ ကြိတ်ခွဲ ဖြန့်ဖြူးရေးနှင့် ဝယ်ယူ ရေးအတွက်  ထုတ်ပေးမည့်ငွေများ ပြန်လည်ပေးသွင်းနိုင်ရေးကိစ္စများအား ရှင်းလင်းတင်ပြခဲ့သည်။

         ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက စပါးဟောင်းလက်ကျန်များရှိနေပြီး စပါးသစ်များ ပေါ်လာ ခြင်း၊ ဆန်၊ စပါးထွက်ပေါက်များပိတ်နေခြင်းတို့ကြောင့် စပါး ဈေးနှုန်းများကျဆင်းလာနိုင်ခြေရှိ၍ စပါးများ  ဝယ်ယူသွားရန်၊ မြို့နယ်စပါးဝယ်ယူရေးလုပ်ငန်းဆောင်ရွက်မည့်အဖွဲ့ဖွဲ့ရန်၊ အစိုးရအဖွဲ့နှင့် မြို့နယ်စပါးဝယ်ယူရေးလုပ်ငန်းဆောင်ရွက် မည့်အဖွဲ့တို့အကြားတွင် ဝယ်ယူရေးနှင့်ငွေကြေးစာရင်းတို့ကို ကြီးကြပ်ဆောင်ရွက်သွားမည့်  ပြည်နယ်စပါးဝယ်ယူရေး လုပ်ငန်းဆောင်ရွက်မည့်အဖွဲ့တို့ကို ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့်    တောင်သူကိုယ်စားလှယ်များဖြင့် ဝယ်ယူရေးအဖွဲ့များ ဖွဲ့စည်းသွားရန်၊ စပါးဝယ်ယူမည့်စီမံချက် ရေးဆွဲထားရန် စသည့်အချက်များအား ဆွေးနွေးအတည်ပြုခဲ့ သည်။ အစည်းအဝေးသို့ ရခိုင်ပြည်နယ်  စပါးဝယ်ယူရေးကြီး ကြပ်မှုကော်မတီဥက္ကဋ္ဌ  အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ပြည်နယ်ဆန်ကုန် သည်များအသင်း၊   မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း တို့မှ ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသော   လုပ်ငန်းရှင်များနှင့် တောင်သူကိုယ်စားလှယ်များ စုစုပေါင်း ၃၅ ဦး တက်ရောက်ခဲ့ ကြသည်။

 

သိန်းမောင်(စစ်တွေ)