Main menu

Background

တမူးနယ်စပ်မှ အိန္ဒိယသို့ တစ်ပတ်အတွင်းတင်ပို့လျက်ရှိသည့် ကုန်ပစ္စည်းများ၏တန်ဖိုး

Fri, 11/15/2019 - 11:45 -- journal_editor

     အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၁ ရက်အတွင်း တမူးနယ်စပ်မှ အိန္ဒိယသို့ တင်ပို့လျက်ရှိသည့် ကုန်ပစ္စည်းအမျိုးအစား များမှာ လယ်ယာထွက်ကုန်ပစ္စည်း၊ စက် မှုကုန်ကြမ်းပစ္စည်းများနှင့် အခြားပစ္စည်းများ တင်ပို့ကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သော  ကုလားပဲ၊ မတ်ပဲ၊ စားတော်ပဲ၊ ကွမ်းသီး၊ ပန်းသီး၊ စွန်ပလွံခြောက်၊ အုန်းသီး၊ ပြောင်းဖူးစေ့၊ ကြက်သွန်နီနှင့်ကြက်သွန်ဖြူတို့၏ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်းပေါင်း သုည ဒသမ ၄၉၂၊ ရေထွက် ပစ္စည်းမှာ ငါးခေါင်းပွဖြစ်ပြီး ပို့ကုန်တန်ဖိုးမှာ အမေ ရိကန်ဒေါ်လာ သန်းပေါင်း ၆၄ ဒသမ ၄၅၀၊ စက်မှုကုန်ကြမ်းပစ္စည်းမှာ စီးကရက်၊ သကြားဖြူ၊ ဘိလပ်မြေဖြစ်ပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်းပေါင်း သုည ဒသမ ၁၂၃ နှင့် နန့်ဖာလုံဈေးမှ အခြားပစ္စည်းများတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း သုည ဒသမ ၃၀၆ တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းတင်ပို့ခဲ့သည့် ပစ္စည်းများ တန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်းပေါင်း သုည ဒသမ ၉၂၁ တင်ပို့နိုင်ခဲ့ပြီး ယခင် တစ်ပတ်အတွင်း တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁ ဒသမ ၂၇၉ တန်ဖိုးတင်ပို့နိုင်ခဲ့သည်။ ယခုတစ်ပတ် အတွင်း ဒေါ်လာသန်း ပေါင်း သုည ဒသမ ၃၅၈ တန်ဖိုးလျော့၍ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။ 

 

ကြည်ကြည်နွယ်