Main menu

Background

ဇွန်လအတွင်း မူဆယ်မှ တရုတ်သို့ သစ်သီးဝလံတင်ပို့မှုအခြေအနေ

Thu, 07/09/2020 - 15:43 -- journal_editor

မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ နေ့စဉ်သစ်သီးဝလံများ တင်ပို့လျက်ရှိရာ ဇွန် ၂၂ ရက်မှ ၂၉ ရက်အထိ ဖရဲသခွားတင်ပို့မှု မရှိသော်လည်း သရက် ၂၈၈ စီး၊ ၁၆၂၆ ဒသမ ၅ တန် တင်ပို့နိုင်ခဲ့သည်။
ဇွန်လ တတိယပတ်နှင့် ယခုပတ်တင်ပို့မှုနှိုင်းယှဉ်လျှင် ဇွန် ၁၅ ရက်မှ ၂၁ ရက်အတွင်း တင်ပို့မှု ၅၃၈ စီး၊ ၃၄၄၇ တန် ဖြစ်သည့်အတွက် ယခုတစ်ပတ်တွင် သရက်တင်ပို့မှုမှာ ၁၈၂၀ ဒသမ ၅ တန် လျော့နည်းခဲ့သည်။ သရက်သီးဈေးနှုန်းမှာ ဇွန် ၂၂ ရက်မှစ၍ ကျဆင်းလျက်ရှိပြီး ဇွန် ၂၉ ရက်တွင် တစ်တန်လျှင် ၄၈၀ဝ ယွမ်ဖြင့် ဈေးနှုန်းကျဆင်းလျက်ရှိသည်။
မတ် ၂၉ ရက်မှစ၍ ယနေ့ထိ တရုတ်ပြည်တွင်း လူဝင်ထွက်မှု ကန့်သတ်စနစ်ကြောင့် သစ်သီးကားများ တရုတ်နိုင်ငံ (ဝမ်တိန်)ကွင်းအထိ သွားရောက်ရောင်းချနေရဆဲဖြစ်သလို သစ်သီးကား ယာဉ်မောင်းများကို ဝင်ခွင့်မပြုဘဲ တရုတ်ဘက် မှရွေးချယ်ထားသော ယာဉ်မောင်းများဖြင့်သာ အဝင်အထွက်ပြုလုပ်နေရသည်မှာ ဧပြီ ၂၀ ရက်မှစ၍ ယနေ့အထိဖြစ်သည်။
တရုတ်ဝင်ပေါက် ကျိန်စန်းကျော့ဂိတ်ပိတ်ချိန်ကို ယခင်မြန်မာစံတော်ချိန် ည ၈ နာရီခွဲအထိ ခွင့်ပြုပေးထားရာမှ ဇွန် ၂ ရက်မှစ၍ ညနေ ၄ နာရီခွဲသို့ ပြောင်းလဲသတ်မှတ်ခဲ့သော်လည်း သစ်သီးကားများ အဝင်နည်းခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု မရှိကြောင်း မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ သိရသည်။
နေမျိုးထိုက်ကျော် (မောဝ်ရွှေလီကုန်သွယ်မှုဗဟိုဌာန)