
ဇွန် ၂၈ ရက်မှ ဇူလိုင် ၄ ရက် သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၂၄၉၃၀၅ တန်ဖိုးရှိ ဘိလပ်မြေ ၂၇၄၄၀ ဒသမ ၁၂ တန်ကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် ထိုင်းနိုင်ငံမှ တန်ချိန် ၁၀ဝ နှင့် အင်ဒိုနီးရှားနိုင်ငံမှ ၂၇၃၄၀ ဒသမ ၁၂ တန်တင်သွင်းခဲ့ကြောင်း သိရသည်။ ယခင်သီတင်းပတ်က ဘိလပ်မြေ ၂၀ဝ ဒသမ ၄၀ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်သွင်းမှု နှင့် နှိုင်းယှဉ်လျှင် ၂၇၂၃၉ ဒသမ ၇၂ တန် ပိုမိုတင်သွင်းခဲ့သည်။
ဇွန် ၂၇ ရက် မှ ဇူလိုင် ၃ ရက်အတွင်း နယ်စပ်မှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၁၀၅၀ဝ ကျော်ရှိခဲ့ပြီး ယခင်သီတင်းပတ်က ဘိလပ်မြေအဝင်မှာ တန်ချိန် ၄၂၂၀ ကျော်ရှိခဲ့ခြင်းကြောင့် ယခုတစ်ပတ်တွင် တန်ချိန် ၆၃၂၀ ကျော် အဝင်ပိုခဲ့ သည်။ ထို့ကြောင့် ယခုတစ်ပတ် ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှပါ ဘိလပ်မြေ အဝင်ပိုခဲ့ သည်။