Main menu

Background

မန္တလေးဘိလပ်မြေဈေးကွက် အရောင်းပုံမှန်ရှိ

Mon, 01/25/2021 - 15:26 -- journal_editor

တောင်ကြီးဘိလပ်မြေဈေးကွက်၌ အရောင်းအဝယ်အေးနေပြီး ဈေးငြိမ်နေ ကြောင်း သိရသည်။ ဈေးကွက်ထဲ  အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ စိန်(ထိုင်း) ကျပ် ၈၀ဝ၀၊ အေသုံးလုံးကျပ် ၅၂၀ဝ၊ အပါချီ ကျပ် ၄၅၀ဝ၊ ကမ္ဘောဇ ကျပ် ၄၅၀ဝ၊ ကျားခေါင်း ကျပ် ၆၂၀ဝ၊ နဂါးကျပ် ၄၄၀ဝဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ စုံစမ်းသိရှိရသည်။ မန္တလေးဘိလပ်မြေဈေးကွက်၌ အရောင်းအဝယ်ပုံမှန်ဖြစ်လာကြောင်း သိရ သည်။ ယခုတစ်ပတ် ခရောင်း(၅၂၅)နှင့် ခရောင်း(၄၂၅) ကကျပ် ၃၀ဝ ဈေးမြင့်ခဲ့ပြီး အေသုံးလုံးကပစ္စည်းပြတ်ကာ ကျန်ဘိလပ်မြေများက   ယခင်တစ်ပတ်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့် ဈေးမှာ အေသုံးလုံးကျပ် ၄၀ဝ၀၊ အယ်လ်ဖာကျပ် ၃၉၀ဝ၊ ခရောင်း (၅၂၅) ကျပ် ၄၇၀ဝ၊ ခရောင်း (၄၂၅)ကျပ် ၄၃၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ သည်။
မော်လမြိုင်ဘိလပ်မြေဈေးကွက်၌ အရောင်းအဝယ်ပုံမှန်ဖြစ်ပြီး  ဈေးငြိမ်နေ ကြောင်းသိရသည်။  ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ  ဆင်မြန်မာ ကျပ် ၅၆၀ဝ၊ ကြံ့တစ်ကောင်(ပြာ)ကျပ် ၅၄၀ဝ၊ ကြံ့နှစ်ကောင် (နီ)ကျပ် ၅၇၀ဝ၊ ဆင် (ထိုင်း) ကျပ် ၅၇၅၀ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ မကွေးဘိလပ်မြေဈေးကွက်၌ အရောင်းအဝယ်ပုံမှန်ဖြစ်ကြောင်း သိရသည်။ ယခုတစ်ပတ်အပါချီက ကျပ် ၁၀ဝ၊ ကြံ့ကကျပ် ၅၀ ဈေးကျလာပြီး ကျန်ဘိလပ်မြေများ က ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။ ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေသည့်ဈေးမှာ အပါချီ ကျပ်၄၄၀ဝ၊ ကြံ့ကျပ်၄၆၅၀၊ ကမ္ဘောဇကျပ်၅၅၀ဝ၊ ဘလူးဒိုင်းမွန်းကျပ် ၅၂၀ဝ၊ အယ်လ်ဖာကျပ် ၄၃၀ဝနှင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

 

သီတာဝင်း (DOT)