Main menu

Background

မြဝတီနယ်စပ်မှ ငရုတ်သီးအစို တင်ပို့မှု

Mon, 01/25/2021 - 15:50 -- journal_editor

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက် ထိုင်းနိုင်ငံ မဲဆောက်သို့ ငရုတ်သီး(အစို)တစ်တန်လျှင် ၆၅၀ ဒေါ်လာနှုန်းဖြင့် နေ့စဉ်ပျမ်းမျှ တန် ၈၀ ခန့်၊ ယာဉ်စီးရေ ၁၀ စီး၊ ၁၅ စီးဝန်းကျင် တင်ပို့လျက်ရှိသည်။ ထိုသို့တင်ပို့ရာတွင် မိမိနိုင်ငံစိုက်ပျိုးရေး ဦးစီး ဌာနက ထုတ် ပေးသည့် ပိုးမွှားကင်းစင်ကြောင်း Phytosanitary Certificate နှင့် ကုန်သွယ်ရေးဦးစီးဌာနကထုတ်ပေးသည့် တစ်ဖက်နိုင်ငံ အကောက် ခွန်သက်သာခွင့် CO Form, Form-D တို့နှင့်အတူ တင်ပို့ရသည်။ တစ်ဖက်နိုင်ငံ၏ ဝယ်ဈေးမှာ တစ်ကီလိုဘတ် ၅၀ မှ ဘတ် ၆၀ ဝန်းကျင်ပုံမှန်ရရှိပြီး ဈေးအမြင့်ဆုံးတစ်ကီလို ဘတ် ၈၀-၉၀ ရရှိ သည်။ တင်ပို့သော ငရုတ် သီး(အစို)၏ အရည်အသွေးပေါ်မူတည်ပြီး တစ်ဖက်နိုင်ငံ ဝယ်ဈေးသည် ပြောင်းလဲလျက်ရှိသည်။ မြန်မာနိုင်ငံ၌ ငရုတ်စိုက်ပျိုးထွက်ရာဒေသများမှာ မန္တလေး တိုင်းဒေသကြီး ကျောက်ဆည်၊ ရမည်းသင်း၊  ပြင်ဦးလွင်၊ မကွေး တိုင်းဒေသကြီး နတ်မောက်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ဖြစ်ကြ သည်။  လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးက ထွက်ရှိခြင်းမရှိသေး ကြောင်း၊ ဇန်နဝါရီနှင့်ဖေဖော်ဝါရီလပိုင်းလောက်မှ ထွက်မည်ဖြစ် ကြောင်း၊ ငရုတ်မှာအပေါ်ဆွဲ(မိုးထောင်)သီးနှင့် အောက်ဆွဲသီး ဆိုပြီး နှစ်မျိုးရှိ ပြီး တောင်သူများ အနေဖြင့် အထွက်နှုန်းကောင်းကာ ခူးဆွတ်ရလွယ်ကူသည့် အပေါ်ဆွဲ(မိုးထောင်သီး)ကို ပိုမိုစိုက်ပျိုး ကြသည်။ တောင်သူများ အစိုက်များသည့် ငရုတ်မျိုးများမှာ နံပါတ် ၆၉၂ ဒီမွန်မျိုး၊  ၇၇၇ (၇သုံးလုံး)မျိုးနှင့်  သာမို ၁၁ မျိုးတို့ဖြစ်ပြီး သာမို ၁၁ မျိုးကတော့ အတောင့်သေးအစပ်မျိုးဖြစ်သည်။
လက်ရှိတွင် တစ်ဖက်ထိုင်းနိုင်ငံသို့ တင်ပို့သည့် ငရုတ်များ တွင် အမျိုးအစားသုံးမျိုးအနည်းဆုံးရောနှောထားသည်ကို တွေ့ရ ကြောင်း၊ စိုက်ခင်းတစ်ခုတည်းမှာပင် တောင်သူမိသားစုဝင်များမှ တစ်ယောက် အကြိုက်တစ်မျိုး  စိုက်ပျိုးကြပြီး ထွက်ရှိလာ သည့် ငရုတ်များမှာ အမျိုးအစားများ ရောနှောနေကြောင်း၊အမျိုးအစား တစ်မျိုးတည်း သီးသန့်တင်ပို့မှသာ တစ်ဖက်နိုင်ငံမှ ဈေးကောင်း ရရှိပြီး ငရုတ်အပု၊ အရှည်၊ အစပ် စသဖြင့် သုံးမျိုး၊ လေးမျိုး ရော နှောတင်ပို့ပါက ဈေးနှိမ်ခံရကြောင်း ငရုတ်တင်ပို့ သူ လုပ်ငန်းရှင် ထံမှသိရသည်။ ထို့ပြင် ငရုတ်သီးများကို ထွက်ရှိရာနေရာမှ မြဝတီသို့ သယ် ဆောင်ရာ လမ်းတစ်လျှောက်တွင် အအေးခန်း (Cold Storage) ယာဉ်များဖြင့် သယ်ဆောင်ရကြောင်း၊ လမ်းတွင်ကုန်တင်ယာဉ်မှာ အကြောင်းတစ်စုံတစ်ရာ ဖြင့် ညအိပ်ရပ်နားရ၍ အအေးခန်း နှစ် နာရီခန့် ပြတ်တောက်ခဲ့လျှင်ပင် ငရုတ်အချို့မှာ ပျက်စီးကြောင်း၊ ထိုသို့ အရည်အသွေးကျဆင်းသွားပါက တစ်ဖက်မှဈေးနှိမ်ခြင်းခံရ ကြောင်း၊ တချို့မှာ ဆန်ခါပေါက်အိတ်များဖြင့် ထုပ်ပိုးပြီး သာမန် ကုန်တင် ယာဉ်များနှင့် တင်ပို့သည့်အတွက်လည်း  ပျက်စီးမှုများရှိ ကြောင်း၊  ထို့ကြောင့် ငရုတ်များကို သယ်ဆောင်ခဈေးပိုပေးရသည်ကို ထည့်မတွက်ဘဲ အအေးခန်း (Cold Storage) ယာဉ်များဖြင့်သာ တင်ပို့ ကြရန်နှင့် အအေးခန်း (Cold Storage) သီးခြားတွဲထားသည့် ယာဉ်များဖြင့်ဆိုလျှင် ပိုအဆင်ပြေပြီး အရည်အသွေးပိုမိုကောင်းမွန် ကြောင်း သိရသည်။
ငရုတ်အစိုများကို တစ်ဖက်နိုင်ငံ မဲဆောက်ထိသာ တင်ပို့ပြီး တတိယနိုင်ငံသို့ တင်ပို့မှုအနေဖြင့် ယခင်နှစ်များက မလေးရှားသို့ ထိုင်းမှတစ်ဆင့်တင်ပို့ကြောင်း၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတိုမှ မိမိငရုတ်ကို စိတ်ဝင်စားကြောင်း၊ သို့ရာတွင် ဗီယက်နမ် နှင့် ဈေး ကွက်အပြိုင်ဖြစ်နေပြီး မိမိငရုတ်မှာ ရောင်းဈေးအရ ဗီယက်နမ် ထက် ဈေးနည်း၍ စိတ်ဝင်စားကြသော်လည်း အရည်အသွေးပိုင်း တွင် ဗီယက်နမ်အား မယှဉ်နိုင်သေးကြောင်း၊ ယခုနှစ်တွင် မလေး ရှားသို့ တင်ပို့နိုင်သည့် အရည်အသွေးမျိုး မရရှိသေးကြောင်း၊ ရှေ့တစ်လပိုင်း နှစ်လပိုင်းတွင်  ထွက်ရှိမည့် ဧရာဝတီတိုင်းဒေသ ကြီး၏ ငရုတ်များကိုစောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ အရည်အသွေး ကောင်း ငရုတ်များမှာ တစ်ကီလို ဘတ် ၁၀ဝ ထိရရှိကြောင်း လုပ်ငန်း ရှင်များကပြောကြား သည်။ ယခုလက်ရှိ တင်ပို့နေသည့် ငရုတ်များမှာ အမျိုးအစားသုံးမျိုး လေးမျိုးရောနှောနေခြင်း၊ လမ်းခရီးတွင် သယ်ယူထုပ်ပိုးပုံစနစ်များ အရပျက်စီးခြင်းများကြောင့် တစ်ကီလို ဘတ် ၅၀-၆၀ သာရရှိနေပြီး ပျက်စီးမှုပိုများပါက တစ်ကီလို ၁၇ ဘတ်ထိ ဈေးနှိမ်ဝယ်ယူခြင်းခံရ ကြောင်း သိရှိရသည်။ ထို့ကြောင့် ငရုတ်စိုက်ပျိုးသူတောင်သူများက ငရုတ်မျိုးသန့်များ  ရွေးချယ်စိုက်ပျိုးရန်နှင့် စိုက်ပျိုးမြေတစ်ခု တည်းတွင် မိမိနှစ်သက်ရာ အမျိုးအစား  တစ်မျိုးတည်းကိုသာ စိုက်ပျိုးရန်လိုအပ်သလို  ကုန် တင်ပို့သူများကလည်း ဈေးကွက် အရောက် တင်ပို့ရာတွင် ထုပ်ပိုးမှု နည်းစနစ်မှန်ကန်ပြီး ဈေးကွက် သို့ သယ်ဆောင်ရာ လမ်းတစ်လျှောက် ပျက်စီးမှုမရှိစေရေး ကုန် တင်ယာဉ်ခကို ထည့်မတွက်ဘဲ အအေးခန်း(Cold Storage) ယာဉ် များဖြင့်သာ သယ်ပို့ဖို့လိုအပ်မည်ဖြစ်သည်။ ထိုသို့ စိုက်ပျိုးသူ၊ ထုတ်လုပ်တင်ပို့သူများနှင့်  ကုန်သည်လုပ် ငန်းရှင်များ တက်ညီလက်ညီ စနစ်တကျ  ဆောင်ရွက်မှသာ မိမိ နိုင်ငံထွက် ငရုတ်ဈေးကွက်ခိုင်မာမှုရရှိပြီး ဈေးကောင်းရရှိမည် ဖြစ်သည်။မြဝတီနယ်စပ်တွင် Klohtoo Wah Logistics Co.,Ltd. က အရည်အသွေးပြည့်မီသည့် ငရုတ်များကို PRO CHILLI တံဆိပ် တပ်၍ ခုနစ်ကီလိုဆံ့ခြင်းများဖြင့်ထုပ်ပိုး၍ တစ်ဖက်နိုင်ငံ ဗန်ကောက် ဈေးအထိတင်ပို့ရောင်းချနေပြီး တစ်ဖက်နိုင်ငံသို့ တင်ပို့ရန် အရည် အသွေး ကောင်း  ငရုတ်များကို ဈေးကောင်းပေးဝယ်ယူလျက်ရှိ ကြောင်းနှင့် PRO CHILLI Page တွင် ဝင်ရောက်လေ့လာနိုင် ကြောင်း အသိပေးဖော်ပြလိုက်ရသည်။

 

တင်စိုးစိုးလှိုင်(မြဝတီ)