Main menu

Background

ကယားပြည်နယ်အတွင်းရှိ စားအုန်းဆီဈေးနှုန်းများ မြင့်တက်လျက်ရှိ

Mon, 02/01/2021 - 15:27 -- journal_editor

ကယားပြည်နယ် သီရိမင်္ဂလာဈေးအတွင်း ဖြစ်ပေါ် နေသော စားသုံးဆီဈေးနှုန်းများမှာ  မြေပဲဆီ လက်လီ(စည်ပင် ဈေး)တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀၊ နှမ်းဆီလက်လီ(စည်ပင် ဈေး)   တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀၊   စားအုန်းဆီ လက်လီ (စည်ပင်ဈေး) တစ်ပိဿာလျှင် ကျပ် ၂၈၀ဝ ဈေးပေါက်ကြောင်း သိရသည်။ ယခင်နှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများအနေဖြင့် မြေပဲဆီလက်လီ(စည်ပင်ဈေး)တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀ ၊ နှမ်းဆီလက်လီ (စည်ပင်ဈေး) တစ်ပိဿာ လျှင် ကျပ် ၇၀ဝ၀ ၊ စားအုန်ဆီ လက်လီ(စည်ပင်ဈေး) တစ်ပိဿာလျှင် ကျပ် ၂၄၀ဝ ဈေးပေါက်ခဲ့သောကြောင့် ယခင်နှစ်နှင့်နှိုင်းယှဉ်မည်ဆိုပါက မြေပဲဆီလက်လီ(စည်ပင်ဈေး) တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ ခန့် ၊ စားအုန်းဆီ လက်လီ (စည်ပင်ဈေး)  တစ်ပိဿာလျှင် ကျပ် ၄၀ဝ ခန့် ဈေးတက်ခဲ့ကြောင်း စားအုန်းဆီ လက်လီ/လက်ကား အရောင်းဆိုင်များမှ လေ့လာသိရှိ ရသည်။

 

ဖြိုးဝေအောင်(ကယား)