Main menu

Background

ပို့ကုန်တန်ဖိုးများ တိုးမြှင့်ရရှိခဲ့သည့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်

Tue, 02/23/2021 - 11:45 -- journal_editor

ကမ္ဘာတစ်ဝန်း COVID-19 ကပ်ရောဂါများ ပျံ့နှံ့ဖြစ်ပွားနေခဲ့ ပြီး နိုင်ငံအနှံ့အပြားတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ နှောင့်နှေး နေခဲ့သည့် ကာလများအတွင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် အနေဖြင့် အကျပ်အတည်းမှသည်   အခွင့်အလမ်းတစ်ရပ်ဆီသို့ ရောက်ရှိအောင်  အောင်မြင်စွာ ဆောင်ရွက်နိုင်မှုအဖြစ် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မန့်ဝိန်းဂိတ်အား ၂၄ နာရီ အချိန် ပြည့် ၁၀ ရက်တိတိ ဖွင့်လှစ်ခွင့်ရရှိရန် ဆောင်ရွက်နိုင်ခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများ ယခင်ထက်သာလွန်၍ အချိန်ပြည့်ဆောင် ရွက်နိုင်ခဲ့သည့်အတွက် ယခုနှစ်  ဇန်နဝါရီလတွင် မြန်မာနိုင်ငံ၏ ပို့ကုန်များ တစ်ဖက် တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့နိုင်ခဲ့ပြီး ပို့ကုန်တန်ဖိုး များလည်း တိုးမြှင့်ရရှိခဲ့သည်။ ကုန်တင်မော်တော်ယာဉ်ကြီးများအား အချိန်ကြာမြင့်စွာ စောင်းဆိုင်းရမှုမရှိဘဲ ပြည်ပသို့ လွယ်ကူစွာတင်ပို့ နိုင်ရန် ဆောင်ရွက်နိုင်ခဲ့သဖြင့် အဆိုပါ ဇန်နဝါရီလအတွင်း ကုန်စည် သယ်ယူပို့ဆောင်ခ နှုန်းထားများလည်း ထက်ဝက်ခန့် ကျဆင်းခဲ့ကြောင်း သိရှိရသည်။ ပြည်ပမှ တင်သွင်းရန် အဓိက လိုအပ်သော လူသုံးကုန်/ စားသောက်ကုန်ပစ္စည်းများကိုလည်း ကိုဗစ်ကာလအတွင်း ပြည်သူ များ သုံးစွဲမှု ပြတ်လပ်မှုမရှိစေရန် ဆောင်ရွက်နိုင်ခဲ့မှု ကြောင့် သုံးစွဲသူ အများ ပြည်သူများအတွက်လည်း များစွာသော အကျိုးသက်ရောက်မှု များ ဖြစ်ပေါ်စေခဲ့သည်။
 မြေပြင် ကုန်သွယ်မှုကိန်းဂဏန်းများအရ  အနီးစပ်ဆုံး ကာလ တူဖြစ်သော ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ပို့ကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ ၂၂၉ ဒသမ ၈၃၄  သန်းဖြစ်ပြီး ၂၀၂၁ ခုနှစ်၏ ဇန်န ဝါရီလတွင် အမေရိကန်ဒေါ်လာ ၂၇၀ဒသမ၃၅၉ သန်း ဆောင်ရွက် နိုင်ခဲ့သည့်အတွက် ပို့ကုန်ပိုင်းတွင် အမေရိကန် ဒေါ်လာ ၄၀ ဒသမ ၅၂၅ သန်း ပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်တင်သွင်းမှုတွင် အမေရိကန် ဒေါ်လာ ၁၀ ဒသမ၂၄၃ ဒေါ်လာသန်း ပိုမိုတင်သွင်းနိုင်ခဲ့ကာ အနီး စပ်ဆုံးကာလထက်  ကုန်သွယ်မှုပမာဏတွင် အမေရိကန်ဒေါ်လာ သန်း ၅၀ ဒသမ ၇၆၈ ခန့်ပိုမို၍  ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက် နိုင်ခဲ့သည်။ တစ်ဖက်နိုင်ငံသို့   ကုန်တင်မော်တော်ယာဉ်  ထွက်ခွာနိုင်မှု အပိုင်းတွင်လည်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် စုစုပေါင်း ပို့ကုန် ယာဉ် ၁၁၅၀၁ စီးဖြင့် ပို့ကုန်တင်ပို့မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ ပြီး  ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ၁၅၆၀၂ စီးဖြစ်၍ ပို့ကုန်ယာဉ် ၄၁၀၁ စီးခန့် တရုတ်နိုင်ငံသို့ ပိုမိုထွက်ခွာ တင်ပို့နိုင်ရန် ဆောင်ရွက် နိုင်ခဲ့ပြီး သွင်းကုန်ကားစီးရေ၌ အနီးစပ်ဆုံးကာလထက် ၂၃၆ စီးခန့် ပိုမိုတင်သွင်းနိုင်ခဲ့သည်။
ပုံမှန်အားဖြင့် ယခင်ကာလများတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မန့်ဝိန်းဂိတ်ပေါက်မှတစ်ဆင့်  တင်ပို့/ တင်သွင်း မှုဆိုင်ရာ ကုန်တင်ယာဉ် ဝင်ရောက်/ထွက်ခွာမှုများကို နေ့စဉ် မြန်မာ စံတော်ချိန် နံနက် ၆နာရီ မှ ည ၁၀နာရီခွဲအတွင်း ဆောင်ရွက်လျက်ရှိ သော်လည်း ကုန်သွယ်ရေးဇုန် တာဝန်ရှိသူများနှင့် ဒေသအုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းများ၊ အခြားဌာနဆိုင်ရာများက တရုတ်နိုင်ငံ နှင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်မှုများ အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပြီး နောက်  နှစ်နိုင်ငံ သဘောတူညီမှုဖြင့် ၂၄ နာရီအချိန်ပြည့် ၁၀ ရက် တိတိ ဖွင့်လှစ်ခွင့်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ အကျိုး ရလဒ်အနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများအား ပိုမိုတိုးတက်အောင် ဆောင်ရွက် နိုင်ခဲ့ပြီး ပို့ကုန်တန်ဖိုးများ မြင့်တက်ရရှိခဲ့ခြင်းလည်း ဖြစ် သည်။ မြန်မာ-တရုတ် (နယ်စပ်)မန့်ဝိန်းဂိတ်အား စတင်ဖွင့်လှစ်ခဲ့ပြီး ချိန်မှစ၍ ယခုပထမဆုံးအကြိမ်အဖြစ် ၂၄ နာရီ အချိန် ပြည့် ၁၀ ရက် ဖွင့်လှစ်ခွင့်ရရှိအောင် ဆောင်ရွက် နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ယခင်နှစ်ဒီဇင်ဘာလထက် ပိုမို တင်ပို့နိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ အဓိက  ပို့ကုန်ပစ္စည်းများမှာ နှမ်း၊ မြေပဲဆန်၊ ပဲတီစိမ်း၊ သတ္တုနှင့် သတ္တုရိုင်းပစ္စည်းများနှင့် ကြက်သွန်နီတို့ ဖြစ်ကြပြီး  သွင်းကုန်ပိုင်းတွင် ချည်ထည်များ၊ ဓာတ်မြေသြဇာများ၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းများ၊ သံနှင့် သံမဏိ ဆောက် လုပ်ရေးပစ္စည်းများနှင့် စက်နှင့်စက်ပစ္စည်းများကို ပိုမိုတင်သွင်းနိုင်ခဲ့ သည်။
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူများ အနေ ဖြင့် ကုန်သွယ်မှုလုပ်ငန်းများ အရှိန်အဟုန်မပျက် လွယ်ကူလျင်မြန်စွာ စီးဆင်းနိုင်ရေးအတွက် မြန်မာ-တရုတ် အခြားနယ်စပ်ဖြတ်ကျော် ဝင်/ထွက်ဂိတ်များဖြစ်သော ဆင်ဖြူဂိတ်ပေါက်မှလည်း ခြောက်ဘီး ကုန်တင်ယာဉ်များ ဝင်/ထွက်ခွင့်ရရှိရေး၊ ကြူကုတ်(ပန်ဆိုင်း)-ဝမ်တိန် ဂိတ်ပေါက်မှလည်း ကုန်တင်ယာဉ်များ ဝင်ရောက်ခွင့် ရရှိရေး၊ မန့်ဝိန်းဂိတ်ပေါက်နှင့် ကျိန်စမ်းကျော့ဂိတ်ပေါက်တို့မှ နှစ်နိုင်ငံ၏ ကုန်တင်ယာဉ်များ ဝင်ရောက်/ထွက်ခွာချိန်များအား   တိုးမြှင့်သတ် မှတ်ပေးနိုင်ရေးတို့ကို မိတ်ဖက်ဌာန အဖွဲ့အစည်းများနှင့်  အတူတကွ ပူးပေါင်း၍ တစ်ဖက်တရုတ်နိုင်ငံမှ ကုန်သွယ်မှုလုပ်ငန်းတွင် တာဝန် ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းများအား တစိုက်မတ်မတ် ဆက် လက်၍ ဘက်စုံကြိုးပမ်း ဆောင်ရွက်နေခြင်းများကြောင့် ယခုအခါ မြန်မာ-တရုတ် ကျိန်စမ်းကျော့(နယ်စပ်)ဂိတ်ပေါက်မှ နှစ်နိုင်ငံ ယာဉ် ဝင်/ထွက်ချိန်အား နေ့စဉ် မြန်မာစံ တော်ချိန် နံနက် ၆ နာရီမှ ညနေ ၄ နာရီခွဲအထိ ဆောင်ရွက်ပေးခဲ့ရာမှ  ည ၈ နာရီခွဲအထိတိုင်အောင် နေ့စဉ်အချိန်တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ယင်းကဲ့သို့ နှစ်နိုင်ငံ ညှိနှိုင်း ဆွေးနွေးခဲ့မှုများအရ ကြူကုတ်(ပန်ဆိုင်း)-ဝမ်တိန် (နယ်စပ်) ဂိတ်ပေါက်မှလည်း အခါအားလျော်စွာ မြန်မာ့သစ်သီး ပို့ကုန်ယာဉ် များအား  ယာဉ်မောင်းချိန်းပြောင်းစနစ်ဖြင့် တင်ပို့နိုင်ပြီဖြစ်ခြင်း ကြောင့် ကုန်သွယ်စီးပွားဖွံ့ဖြိုးတိုးတက်မှုများ ဆက်လက်တိုးမြှင့်နေဦး မည်ဟု မျှော်လင့် ရပါကြောင်း တင်ပြလိုက်ရပါသည်။

 

အောင်ဇော်မင်း (မူဆယ်ကုန်သွယ်ရေးဇုန်)