Main menu

Background

မိုင်းယောင်းမြို့တွင် ရော်ဘာအစေးခြစ်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် ဝင်ငွေတိုး

Fri, 07/02/2021 - 13:47 -- journal_editor

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၏ ဒေသခံအများစုသည် ရာသီ သီးနှံအလိုက် စိုက်ပျိုး ရေး အဆင်ပြေသောကြောင့်  လယ်ယာနှင့်ရော်ဘာစိုက်ပျိုးခြင်းကို အဓိကထားလုပ်ကိုင်ကြသည်။၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မိုင်းယောင်းမြို့၌ ရော်ဘာစိုက်ဧက  ၁၇၈၆၇ ခန့်ရှိပြီး ရိတ်ဧက ၅၂၀၄ တွင် အစေးခြစ်ရာ ၂၇၃၀၅၅၆ ပေါင် ထွက်ရှိကြောင်း သိရှိရသည်။နှစ်စဉ် ဧပြီလတတိယပတ်မှ နိုဝင်ဘာလကုန်အထိ ရော်ဘာအစေးခြစ်ခြင်းကို လုပ်ကိုင်ပြီး ကျန်လေးလအတွင်း နှစ်ရှည် ပင်များဖြစ်သည့်အလျောက် ပေါင်းရှင်းပေးခြင်းနှင့် သဘာဝမြေသြဇာ (နွားချေး၊ဝက်ချေး)စသည်များ   ထည့်ပေးခြင်းတို့ကို လုပ်ဆောင်ပေးရသည်။ ရော်ဘာစေးကို တစ်ကီလိုလျှင် ကျပ် ၇၀ဝ မှ ကျပ် ၈၅၀ အထိ ရရှိကြောင်းနှင့် မိုင်းယောင်းမြို့၊ ဝမ်မိုင် လုံရွာတွင် အသေးစား ရော်ဘာပြားထုတ်လုပ်သည့်စက်ရုံရှိပြီး အလုပ်သမား ၁၀ ဦးခန့်ဖြင့် လုပ်ကိုင်လျက်ရှိကာ တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိကြောင်း သိရသည်။

စိုင်းဟုန်ရှဲန်(ကျိုင်းတုံ)