Main menu

Background

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဟဲဟိုးမှ အာလူး၀င်ရောက်

Fri, 07/02/2021 - 14:00 -- journal_editor

ဘုရင့်နောင်ကုန်စည်ဒိုင်သို့   ရှမ်းပြည်နယ် ဟဲဟိုးမြို့မှ အာလူးများ ဝင်ရောက်လျက်ရှိပြီး ဇွန် ၁၇ ရက် ဟဲဟိုးမြို့မှ ဝင်ရောက်လာသော အာလူးတစ်ပိဿာ  ဈေးနှုန်းများမှာ  အာလူး A1 ကျပ် ၄၀ဝ၊ အာလူးOK  ကျပ် ၆၅၀၊ အာလူး  S1 ကျပ် ၆၅၀ ၊ အာလူး S2 ကျပ် ၅၅၀ ဈေး နှုန်းအသီးသီးဖြစ်သည်ရန်ကုန်မြို့ဒေသအတွင်း လက်လီပြန်လည်ရောင်းချသူများနှင့် အာလူးကြော်လုပ်ငန်းရှင်များက ဝယ်ယူခဲ့ကြ ကြောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဇွန် ၁၇ ရက် အာလူးဝင်ရောက်မှုမှာ  တစ်နေ့လျှင် ပျမ်းမျှကား အစီးအရေအတွက် ၁၃  စီးခန့်နှင့် တစ်နေ့လျှင် ပျမ်းမျှ ပိဿာချိန် ၇၈၀ဝ၀ ဝင်ရောက်ခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။

ရွှေဝါထွန်း (မြှင့်တင်၊ ပြည်တွင်း-ရန်ကုန်)