Main menu

Background

နယ်စပ်မှ ဘိလပ်မြေတင်သွင်းမှု ပြန်လည်ကျဆင်း

Mon, 07/05/2021 - 14:37 -- journal_editor

ယခုတစ်ပတ် ဇွန်   ၁၉ ရက်မှ ၂၅ ရက်အထိ   ကုန်သွယ်ရေးစခန်းများမှ ဘိလပ်မြေတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၀ သန်းရှိပြီး တန်ချိန် အားဖြင့် ၁၆၀ဝ၀ ကျော် တင်သွင်းခဲ့ကြောင်း သိရှိရသည်။ စခန်းအလိုက်တင်သွင်းမှု အခြေအနေများအား လေ့လာကြည့်ရာတွင် ကော့သောင်းကုန်သွယ်စခန်းမှ အမေ ရိကန်ဒေါ်လာ ဝ ဒသမ ၅၃၈ သန်းရှိပြီး တန်ချိန် ၇၀ဝ၀ ကျော် တင်သွင်းနိုင်ခဲ့ကြောင်း၊ မြိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ  ဝ ဒသမ ၂၄၄ သန်းရှိပြီး တန်ချိန် အားဖြင့် ၃၀ဝ၀ ကျော်  တင်သွင်းနိုင်ခဲ့သည်။ 

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ဝ ဒသမ ၄၂ သန်း ရှိပြီး တန်ချိန် ၅၀ဝ၀ ကျော် တင်သွင်းနိုင်ခဲ့ပြီး  ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဘိလပ်မြေ သုံးတန် တန်ဖိုး အမေရိကန်ဒေါ်လာ ဝ ဒသမ ဝ၀၂ သန်းရှိကြောင်း  သိရှိရသည်။ ယခုတစ်ပတ်အတွင်း ဘိလပ်မြေတင်သွင်းမှုမှာ   ယခင်တစ်ပတ်နှင့်   နှိုင်းယှဉ်ပါက တန်ချိန်အားဖြင့် ၆၉၇ တန် တင်သွင်းမှု လျော့နည်းခဲ့ကြောင်း သိရ သည်။

 ဇွန် ၁၉ ရက်မှ ၂၅ ရက်အထိ အမေရိကန်ဒေါ်လာ ဝ ဒသမ ဝ၉၉ သန်း တန်ဖိုးရှိ ဘိလပ်မြေတန်ချိန်   ၇၁၃ ဒသမ ၆ တန်ကျော်အား  ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ တင်သွင်းခဲ့ကြောင်း သိရသည်။   ယခုတစ်ပတ်အတွင်း မလေးရှား နိုင်ငံမှသာ တင်သွင်းခဲ့ကြောင်း သိရှိရသည်။