Main menu

Background

ဥရောပနိုင်ငံအချို့အား ဗီဇာကင်းလွတ်ခွင့် ပေးမည်

Thu, 05/16/2019 - 14:43 -- journal_editor

         ဥရောပနိုင်ငံအချို့အား ယခု ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ စတင်ကာ ဗီဇာကင်းလွတ်ခွင့် ပေးအပ်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းမောင်က မေ ၆ ရက်တွင် ပြော သည်။"ကျွန်တော်တို့ အောက်တိုဘာလ ၁ ရက်နေ့မှာ ဥရောပနိုင်ငံ အချို့ကို ဗီဇာကင်းလွတ်ခွင့်  ပေးသွားဖို့  စီစဉ်ဆောင်ရွက်ထားပါတယ်။ ခရီးသွားလုပ်ငန်း တိုးတက်လာနဲ့အမျှ ကမ္ဘာက မြန်မာနိုင်ငံကို ပိုပြီးတော့မှ သိရှိ လာမယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ကိုလည်း ခရီးသွားလုပ်ငန်းတွေကတစ်ဆင့် ဆွဲဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" ဟုဝန်ကြီးက ပြော သည်။
        လက်ရှိတွင် Look  East   Policy ကို ချမှတ်ဖော်ဆောင်ခြင်းကြောင့် တရုတ်ခရီးသွားဧည့်သည် အရေအတွက် ၃၇ ရာခိုင်နှုန်းနှင့် ထိုင်းခရီးသွားဧည့်သည် အရေအတွက် ၉ ရာခိုင်နှုန်းအထိ ယခင်နှစ်ကထက် ပိုမိုတိုးတက် လာခဲ့၍ ယခုအချိန်သည် မိမိတို့နိုင်ငံအနေဖြင့် Look West Policy ကို ခရီးသွားလုပ်ငန်း အတွက် ပြန်လည်သုံးသပ် ဆောင်ရွက်ရမည့်အချိန်ဖြစ်သည်ဟု ဆိုသည်။ Website မှ တစ်ဆင့် ကြော်ငြာများ၊ လူမှုကွန်ရက်များ၊ သတ င်းဆောင်းပါးများ၊ ရုပ်သံ ဓာတ်ပုံများ ထုတ်လွှင့်ဖော်ပြပြီး မြန်မာ နိုင်ငံ၏ ပုံရိပ်ကို ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကာ ထို့သို့ဆောင်ရွက်ခြင်းဖြင့် အနောက် ဥရောပမှ ခရီးသွားဧည့်သည်များ တိုး တက် လာမည်ဟု ယုံကြည်ပြီး အရေးအကြီးဆုံး ရည်မှန်းချက်မှာ မြန်မာ၏ ကောင်းမွန်သော ပုံရိပ်ကို ကမ္ဘာက ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်ဖြစ်ကြောင်း ၎င်းက ပြောသည်။
         ထို့ပြင် ကမ္ဘာ့ခရီးသွားပြပွဲများ တွင် မိမိတို့နိုင်ငံအကြောင်းကို ပါဝင် ပြသရုံမကဘဲ နိုင်ငံ၏အဓိက ခရီးစဉ် ဒေသများကို လေကြောင်း တိုက်ရိုက် ဆိုက်ရောက်ပျံသန်းနိုင်ရေး၊ ဗီဇာကင်း လွတ်ခွင့်နှင့် ဆိုက်ရောက်ဗီဇာများ ခွင့် ပြုပေးရေး၊ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ပေးရေးနှင့် ခရီးသွားဝန်ဆောင် မှုလုပ်ငန်းများ ပြည့်စုံကောင်းမွန်ရေး တို့ကို ဟန်ချက်ညီညီ ဆက်စပ်ဆောင် ရွက်ပေးသွားရမည်ဖြစ်ကြောင်း ၎င်းင်းက ဆက်လက် ပြောကြား သည်။ ပြည်ဝင်ခွင့်ဗီဇာနှင့် ဆိုက်ရောက် ဗီဇာ ကင်းလွတ်ခွင့်ကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က ASEAN+3 နိုင်ငံများဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ် နိုင်ငံတို့ အား ကင်းလွတ်ခွင့် ပြုခဲ့ခြင်းြ ဖစ်ပြီး တစ်နှစ် စမ်းသပ်ကာလ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
      ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များ အတွင်း မြန်မာနိုင်ငံသို့ ပြည်ပဧည့်သည် ဝင်ရောက်မှုအနေဖြင့် ၂၀၁၇ ခုနှစ်တွင် ဧည့်သည် ၁ ဒသမ ၅ သန်းကျော်နှင့် ၂၀၁၈ ခုနှစ်တွင် ၁ ဒသမ ၄၈ သန်း ဝင်ရောက်ခဲ့ပြီး ယင်းသို့ ဝင်ေ ရာက်လာသူများအနက် နယ်စပ်မှ ဝင်ရောက်သူ များမှာ ၆၀ ရာခိုင်နှုန်းကျော်ဖြစ်ကြောင်း သိရသည်။ နယ်စပ်သုံးနိုင်ငံအနက် တရုတ်မှ ၂၀၁၇ ခုနှစ်တွင် ၄၀ ရာခိုင် နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၃၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ထိုင်းနယ်စပ်မှ ၂၀၁၇ ခုနှစ် တွင် ၅၈ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ၆၃ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရ သည်။ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံ များ အပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံ တို့နှင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ပြုထားရာ အဆိုပါ နိုင်ငံများသို့ ပြည် ဝင်ခွင့်ဗီဇာမပါရှိဘဲ မြန်မာနိုင်ငံကူး လက်မှတ်ဖြင့် အနည်းဆုံး ၁၄ ရက်မှ အများဆုံး ရက်ပေါင်း ၉၀ အထိ နေထိုင် ခွင့်ပြုထားကြောင်း သိရသည်။

 

ပန်းဆု