Main menu

Background

၂၀၁၄ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ နိုင်ငံခြားငွေပေးငွေယူရှင်းတမ်းပိုငွေ စံချိန်တင်နိမ့်ကျ

Wed, 02/18/2015 - 19:26 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

     ယန်းငွေတန်ဖိုးနိမ့်ကျမှုကြောင့် ကုန်သွယ်မှုလိုငွေမြင့် တက်နေတဲ့အတွက် ဂျပန်နိုင်ငံရဲ့ ၂၀၁၄ ခုနှစ် နိုင်ငံခြားငွေ ပေးငွေယူ လက်ကျန်ရှင်းတမ်းပိုငွေမှာ အနိမ့်ဆုံးသို့ရောက်ရှိ ခဲ့ကာ အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံထိရောက်ရှိခဲ့ကြောင်း နှစ်အလိုက်ကြည့်မယ်ဆိုရင် စတုတ္ထမြောက်နှစ်အဖြစ်ဆက် တိုက် ကျဆင်းတာဖြစ်ကြောင်း ဖေဖော်ဝါရီ ၉ ရက်ကထုတ် ပြန်တဲ့   တရားဝင်စာရင်းဇယားတွေကို ကိုးကားပြီး အေ အက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။
     ဂျပန်နိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုလက်ကျန် ရှင်းတမ်း ပိုငွေက ၂၀၁၃ ခုနှစ်မှာ ယန်း ၃ ဒသမ ၂ ထရီလီယံရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်မှာ ယန်း ၂ ဒသမ ၆၃ ထရီလီယံအထိရောက်ရှိခဲ့ရာ ၁၉၈၅ ခုနှစ်နောက်ပိုင်း  အနိမ့်ဆုံးကို  ရောက်ရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။ပြည်ပငွေပေးငွေယူ   လက်ကျန်ရှင်းတမ်းက  နိုင်ငံ တစ်နိုင်ငံရဲ့ ပြည်ပနဲ့ကုန်သွယ်မှုကို တိုင်းတာရာမှာ အကျယ် ပြန့်ဆုံးတိုင်းတာမှုဖြစ်ပြီး ကုန်ပစ္စည်း  ကုန်သွယ်မှုအပြင် ဝန် ဆောင်မှု၊ ခရီးသွားလုပ်ငန်းနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ရရှိ တဲ့ အမြတ်အစွန်းတွေပါ ပါဝင်ပါတယ်။
     ဒေါ်လာနဲ့ပေးချေရတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုန် ကျစရိတ်ကြောင့် ပို့ကုန်ထက်သွင်းကုန်တန်ဖိုးက ပိုမိုများပြား လာတဲ့အတွက် ၂၀၁၄ ခုနှစ်က ဂျပန်နိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု လိုငွေက ၁၈ ဒသမ ၁ ရာခိုင်နှုန်း  ပိုမိုမြင့်တက်ပြီး ယန်း ၁ ဒသမ ၀၄ ထရီလီယံအထိ ရောက်ရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်က ဆူနာမီရေလှိုင်းများဖြစ်ပွားပြီး အဏုမြူ အကျပ်အတည်းဖြစ် ပွားပြီးနောက်ပိုင်း နျူကလီးယားဓာတ်ပေါင်းဖိုတွေ ပိတ်လိုက် ရတဲ့အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ဖို့   ရုပ်<ကင်း လောင်စာကို ပြည်ပမှတင်ပို့မှုအပေါ် အကြီးအကျယ်မှီခိုခဲ့ ရပါတယ်။
     ဒါကြောင့် ကုန်သွယ်မှုမှာမညီ မျှမှုတွေကာလရှည်ကြာ စွာဖြစ်ပွားခဲ့ရပါ တယ်။ ဒါပေမယ့် ရှယ်ယာရင်းနှီးမြှုပ်နှံ မှု၊ အခြား  တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနဲ့  ငွေကြေးစာချုပ်စာတမ်းများ မှာ ရင်းနှီးမြှုပ်နှံမှုတွေရဲ့  အကျိုးအမြတ်ကြောင့် ဝင်ငွေအား လုံးကိုခြုံကြည့်ရင် တိုးတက်မှုတွေရှိခဲ့ပါတယ်။ဝန်ကြီးချုပ်ရှင်ဇိုအာဘေးရဲ့ ငွေသုံးစွဲမှုကို အလေးပေး တဲ့မူဝါဒနဲ့ ဂျပန်ဗဟိုဘဏ်ရဲ့ လှည့်လည်ငွေကြေး ပမာဏတိုး ပွားရေးမူဝါဒတွေကြောင့် ယန်းငွေတန်ဖိုး ကျဆင်းလာချိန်မှာ လိုငွေက ပိုမိုမြင့်တက်လာခဲ့ပါတယ်။

ဉာဏ်တင် စုစည်းတင်ပြသည်