Main menu

Background

ဈေးမြင့်ပြီး အရောင်းအဝယ်ပုံမှန်ရှိနေဆဲ ဘိလပ်မြေ

Wed, 06/17/2015 - 21:33 -- journal_editor

ဈေးမြင့်ပြီး အရောင်းအဝယ်ပုံမှန်ရှိနေဆဲ ဘိလပ်မြေ
မေ ၃၁ ရက်မှ ဇွန် ၆ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ အဝင်မှာ ၅၀၀၁၇ တန်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေ အဝင်မှာ ၁၇၄၃၉၄  တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေ တန် တစ် သိန်းနှစ်သောင်းကျော် အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။ နယ်စပ်လမ်းမှ ဘိလပ် မြေအဝင်မှာ ၁၅၁၉၅ တန်ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ ၂၀၄၃၉ တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ၅၂၄၄ တန်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါ တယ်။  ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှ အဝင်လျော့ခဲ့သလို နယ်စပ်လမ်းမှလည်း အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။
မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဒီတစ်ပတ် အရောင်းအဝယ်ပုံမှန်ရှိတယ် လို့ သိရပါတယ်။ ဈေးကတော့ နည်းနည်းမြင့်လာတယ်လို့ သိရပါတယ်။ ဆင်(ထိုင်း)က၁၅၀ ကျပ်၊ကြံ့(မြိုင်ကလေး) က ၁၇၅ ကျပ်၊စိန်(ထိုင်း) က ၁၀၀ ကျပ်ဈေးမြင့်ခဲ့ တယ်လို့ သိရပါတယ်။ ဈေးနည်းနည်းတက်သလို ဝယ်လက်ရှိနေတာကြောင့် နေ့စဉ် ပုံမှန်အရောင်းရှိတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးက ဆင် (ထိုင်း) ၅၃၅၀ ကျပ်၊မြင်းခေါင်း ၄၂၀၀ကျပ်၊ ကြံ့  (မြိုင်ကလေး) ၅၁၀၀ ကျပ်၊ စိန် ၅၅၅၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
မကွေးဈေးကွက်မှာ ဘိလပ်မြေက  အရောင်းအဝယ်သွက်တယ်လို့  သိရပါ တယ်။ ထိုင်းဘိလပ်မြေနဲ့  ပြည်တွင်းဘိလပ်မြေများ  ဈေးနည်းနည်းမြင့်လာပါ တယ်။ ဈေးမြင့်တယ်ဆိုပေမယ့်  ကျပ် ၁၀၀ ဝန်းကျင်သာ မြင့်ခဲ့တယ်လို့ သိရပါတယ်။ဆင် (ထိုင်း) ၆၈၀၀ ကျပ်၊ မြင်းခေါင်း ၅၉၀၀ ကျပ်၊အပါချီ ၅၉၀၀ ကျပ် ၊ ဆင်(မြန်မာ) ၅၈၀၀ ကျပ်နဲ့   အရောင်းအဝယ်ဖြစ်တယ်လို့  ဘိလပ်မြေအရောင်းဆိုင်မှ  စုံစမ်းသိရှိ ခဲ့ပါတယ်။
တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက  အရောင်းပုံမှန်ရှိသလို  ဘိလပ်မြေ ဈေးကလည်း နည်းနည်းမြင့်လာခဲ့ပါတယ်။   ဈေးကွက်ထဲ  အရောင်းအဝယ်ဖြစ်တဲ့  ဈေးမှာဆင်(ထိုင်း) ၇၅၀၀ ကျပ်၊ စိန်(ထိုင်း) ၇၅၀၀ ကျပ်၊ခြင်္သေ့၅၀၀၀ ကျပ်၊အပါချီ ၅၆၀၀ ကျပ်၊ ကျားခေါင်း ၅၀၀၀ ကျပ်၊ နဂါး ၅၆၀၀ ကျပ်၊ကမ္ဘောဇ ၅၁၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ သိရှိရပါ တယ်။