Main menu

Background

ဖိလစ်ပိုင် ဘဏ်လုပ်ငန်းတွေတည်ငြိမ်မှုရှိ

Fri, 06/19/2015 - 21:23 -- journal_editor

 စီးပွားရေးအဆင့် သတ်မှတ်ရေး အဖွဲ့   Standard & Poor's Rating Services  ကဖိလစ်ပိုင်နိုင်ငံရဲ့ ဘဏ်လုပ် ငန်းစနစ်ကို ''တည်ငြိမ်''အဆင့်သတ်မှတ် ထားကြောင်း ဖိလစ်ပိုင်စတားသတင်းမှာ ဖော်ပြထားပါတယ်။ဖိလစ်ပိုင်နိုင်ငံ ရဲ့ ဘဏ်လုပ်ငန်း စနစ်ကို ှStandard & Poor's ရဲ့စံထားတဲ့ စနစ်တစ်ခုဖြစ်တဲ့ Banking Industry Country Risk Assessment (BICRA) ဝင်တဲ့တခြားနိုင်ငံတွေက အင်ဒိုနီးရှား၊ ပေါ်တူဂီ၊   အိုက်စလန်နဲ့   အိုင်ယာလန် နိုင်ငံတို့ဖြစ်ကြောင်း ဇွန်လ ၁၁ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ ဘဏ်လုပ်ငန်း စနစ်ရဲ့ ချေးငွေအရည်အသွေးကတိုး တက်ကောင်းမွန်လျက်ရှိပါတယ်။ ဒါပေမဲ့ဆုံးရှုံး နိုင်ခြေရ ှိတဲ့  အန္တရာယ်တွေနဲ့ရင် ဆိုင်နေရတယ်လို့ ှရဏ ကပြောပါတယ်။ ပွင့်လင်းမြင်သာမှုနည်းခြင်း၊ကော်ပိုရေးရှင်းတွေရဲ့စီမံအုပ်ချုပ်မှု အား နည်းခြင်း နဲ့ ဥပဒေရေးရာအခြေခံအဆောက်အအုံ စွမ်းဆောင်ရည်မပြည့်ဝခြင်းစတဲ့အခြေအနေတွေကချေးငွေ အတွက်ဖြစ်တတ် တဲ့ဆုံးရှုံးနိုင်ခြေရှိတဲ့ အန္တရာယ်တွေရှိနေ ပါတယ်။ ထိုမျှမက အိမ်ခြံမြေဈေးတွေ မြင့်တက်လာရင်သို့မဟုတ် ချေးငွေဖွံ့ဖြိုးမှုကာလရှည်ကြာလာရင် ငွေကြေးစနစ် အတွင်းမှာရှိတဲ့ ချေးငွေအတွက်စွန့်စား ရမှုအန္တရာယ်က ပိုမိုမြင့်မားလာနိုင်ပါ တယ်။ထိုနည်းတူ     ဥပဒေပြုမှု   မလုံ လောက်ခြင်း၊ ကြီးကြပ်ရေးဝန်ထမ်းတွေ အတွက် ဥပဒေရေးရာအကာအကွယ်ပေး မှုတွေလုံလောက်ခြင်းမရှိပါက ကြီးကြပ် ရေးမှုးအဖြစ်ဆောင်ရွက်နေတဲ့ ဖိလစ်ပိုင် ဗဟိုဘဏ်က ရေရှည်တည်တံ့ နိုင်မယ့် အစီအမံတွေကို    ဖော်ဆောင်ရာမှာ အခက်အခဲရှိစေနိုင်ပါတယ်။