Main menu

Background

အမေရိကန်ပြည်ထောင်စု ငွေကြေးမူဝါဒကြောင့် ဖြစ်လာမယ့်ဂယက်အတွက် တောင်ကိုရီးယားစိုးရိမ်နေ

Thu, 06/25/2015 - 17:45 -- journal_editor

 ယခုနှစ်အကုန် မှာ  အမေရိကန်ပြည်ထောင်စုရဲ့ အတိုးနှုန်းမြှင့်တင်မှုကြောင့်  တောင်ကိုရီးယားစီးပွားရေးကို ရိုက်ခတ်လာမယ့် ဆိုးကျိုးတွေအတွက် တောင်ကိုရီး ယားစီးပွားရေးပညာရှင်တွေက စိုးရိမ်လျက်ရှိကြောင်း ကိုရီးယားဟာရယ်သတင်း မှာ ဖော်ပြထားပါတယ်။ဇွန်လ ၁၂ ရက်နေ့က တောင်ကိုရီးယားဗဟိုဘဏ်က အခြေခံစံထားအတိုးနှုန်း ကိုထပ်မံလျှော့ချထားတဲ့အတွက် မတည်ငွေရင်းတွေကို ပြည်ပကိုစီးထွက်သွားမယ့် အလားအလာတွေပိုမိုလာတာတာကို  တွေ့ရပါတယ်။ ဒီလိုအတိုးနှုန်းတွေကို လျှော့ ချပေးတဲ့အတွက် ဈေးကွက်က  ဇွန်လ ၂၆ ရက်နဲ့ ၂၇ ရက်မှာ ဝါရှင်တန်မှာ ကျင်းပ မယ့် အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်တဲ့ ဈေး ကွက်ကော်မတီ အစည်းအဝေး ကို ပိုမိုအာရုံစိုက်လာကြပါတယ်။အမေရိကန်ပြည်ထောင်စုဗဟိုဘဏ် ဥက္ကဋ္ဌ   ဂျနက်ယယ်လင်ရဲ့ ဆုံးဖြတ်ချက် ကြောင့် ငွေကြေးမူဝါဒမှာ  သဘောထားတင်းမာမှုရှိမယ့်  အရိပ်အယောင်ေ တွပြသ လာမယ်ဆိုရင် တောင်ကိုရီးယားရဲ့ စီးပွားရေးနာလန်ထူမှုကောင်းသည် ဖြစ်စေ ဆိုး သည်ဖြစ်စေတောင်ကိုးရီးယားနိုင်ငံဗဟိုဘဏ်က အတိုးနှုန်းကိုလျှော့ချပေးရမယ့် အခြေအနေကိုရောက်ရှိလာနိုင်ပါတယ်။''အမေရိ ကန်ပြည်ေ ထာင်စု ရဲ့ အတိုးနှုန်းမြှင့်တင်မှုက   ဒီနှစ်ဒုတိယနှစ်ဝက် သို့မဟုတ် ဒီနောက်ပိုင်းအကောင်အထည်ပေါ်လာနိုင်ပါတယ်။ ဒီလိုဆောင်ရွက် လာရင် ကိုရီးယားက လည်းအတိုးနှုန်းကိုမြှင့်တင်ပေး ရတော့မှာ ဖြစ်ပါ တယ်''လို့ တောင်ကိုရီးယားဘဏ္ဍာရေးတက္ကသိုလ်မှ သုတေသနအဖွဲ့ဝင် ပတ်ဂျုံကျူကပြောပါ တယ်။