Main menu

Background

GMSရဲ့ ဗဟိုအချက်အချာအဖြစ် ရောက်ရှိရန် ထိုင်းနိုင်ငံကြိုးပမ်း

Thu, 06/25/2015 - 18:48 -- journal_editor

ယခုနှစ်အကုန်မှာ အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ကို အကောင်အထည်ဖော်ပြီးတဲ့နောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို   ဆွဲဆောင်ပြီး ထိုင်းနိုင်ငံကို မဟာမဲ ခေါင်ဒေသခွဲရဲ့   ဗဟိုအချက် အချာဒေ သ အဖြစ်   ရောက်ရှိ အောင်ဆောင်ရွက်သင့်ကြောင်း နယူးဇီလန်သံအမတ် ရူဘင် လီဗာမိုးက ဇွန်လ ၁၉ ရက်နေ့က တိုက်တွန်းပြောကြားကြောင်း နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ တရုတ် နိုင်ငံတောင်ပိုင်းကို   ဆက်သွယ်ပေးထားပြီး ဒေသတွင်းမှာ မဟာဗျူဟာမြောက် အနေ အထားမှာ ရှိနေတဲ့အတွက် ဒီ အခြေအနေက  မကြာမီမဝေးတော့တဲ့ အနာဂတ်ကာလမှာ ထိုင်းနိုင်ငံအနေနဲ့ စင်ကာပူနိုင်ငံလို ကြီးမားတဲ့အခွင့် အလမ်း တွေ ရရှိစေနိုင်ကြောင်း ဗန်ကောက်မြို့မှာ ကျင်းပတဲ့ နယူး ဇီလန်နဲ့ အာဆီယံ ဆက်သွယ်ရေး   နှစ် (၄၀) မြောက်   နှစ်ပတ် လည်အခမ်းအနားသတင်းစာရှင်းလင်းပွဲမှာ သူက  ပြောပါ တယ်။ဒါပေ မယ့် ဒီအခွင့်အလမ်းတွေပေါ်ပေါက်ဖို့ကအိမ်နီး ချင်းနိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေးဖွံ့ဖြိုးမှု၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှု၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒနဲ့ နိုင်ငံရေးတည် ငြိမ်မှုစတဲ့   အကြောင်းတရားတွေပေါ်မှာလည်း တည် မှီနေ ကြောင်း သူက  ပြောပါတယ်နယူးဇီလန်-အာဆီယံဆက်ဆံရေးက အလားအလာ ကောင်းများ များစွာရှိကြောင်းသူက ပြောပါတယ်။ ဒီနှစ် အကုန်မှာ အာဆီယံ-နယူးဇီလန်ဆက်ဆံရေး နှစ် ၄၀ မြောက် အခမ်းအနား ကျင်းပ ဖို့အတွက် အာဆီယံခေါင်းဆောင်များ ရဲ့ ကွာလာလမ်ပူထိပ်သီးဆွေးနွေးပွဲကို နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီးလည်း တက်ရောက်မှာ ဖြစ်ပါတယ်။ကုန်သွယ်မှုသဘောတူညီချက်တွေထပ်မံဆွေးနွေးဖို့ နယူးဇီလန်အစိုးရက ရည်မှန်း ထားပါတယ်။ နယူးဇီလန်က ထိုင်းအစိုးရကုန်သွယ်မ ှုဆွေးနွေ းပွဲတွေတိုးချဲ့ဆောင်ရွက် ဖို့ ရည်မှန်းထားရာ နောက်ထပ်တိုးချဲ့မယ့်နယ်ပယ်တွေထဲမှာ သတင်းအချက်အလက်နည်းပညာနဲ့ ပညာရေးတို့ကဲ့သို့သော ဝန်ဆောင်မှု လုပ်ငန်းတွေ ပါဝင်ပါတယ်။''ထိုင်းနိုင်ငံက ကျွန်တော်တို့ရဲ့ အရေးပါတဲ့ကုန်သွယ် ဖက်ဖြစ်ပါတယ်}}လို့ လီဗာမိုးက ပြောပါတယ်။နယူးဇီလန်ပို့ကုန်ရဲ့ ၁၀ ရာခိုင်နှုန်းကို အာဆီယံဒေသကိုတင်ပို့ ပါတယ်။ ၂၀၁၄ ခုနှစ် အတွင်း နှစ်ဖက်အပြန် အလှန်တင်ပို့မှုက အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၈ ဘီလီယံ (ဘတ် ၃၂၂ ဘီလီယံ) ရှိပါတယ်။ ထိုင်းနိုင်ငံကို တင်ပို့မှုက ဘတ် ၆၀ ဒသမ ၃၇  ဘီလီယံရှိတဲ့အတွက် မလးရှားနဲ့ စင်ကာပူနိုင်ငံတို့ပြီးလျှင် အာဆီယံမှာ တတိယမြောက် အများဆုံးနိုင်ငံ ဖြစ်ပါတယ်။