ယခုနှစ်အကုန်မှာ အကောင်အထည်ဖော်တော့မယ့် အာဆီယံစီးပွား ရေးအသိုက်အဝန်း (အေအီးစီ) ဖွံ့ဖြိုးတိုးတက်ရေးအတွက် နောက်ထပ်ခြေ လှမ်းတစ်ခုအဖြစ်ဒီဒေသအတွင်း မှာရှိနေတဲ့ ကုန်သွယ်ရေးနဲ့ တခြားစီးပွား လုပ်ငန်းတွေ အတွက်One-stop Services Centres များထူထောင်ပေးဖို့ ဂျပန် နိုင်ငံပြည်ပကုန်သွယ်ရေးအဖွဲ့ (Japan External Trade Organization-JETRO) က ဆန္ဒရှိနေကြောင်း နေးရှင်း သတင်းမှာ ဖော်ပြပါတယ် ။ ထိုင်းနိုင်ငံရဲ့ စီးပွားရေး နဲ့ မတည်ငွေရင်းဈေးကွက်ရဲ့ ဝန်းကျင်အခြေ အနေက ၂၀၁၅ ခုနှစ် ဒုတိယနှစ်ဝက်မှာ ပိုမိုသွက်လက်လာလိမ့်မယ်လို့ ထိုင်းနိုင်ငံစတော့အိပ်ချိန်းဥက္ကဋ္ဌနဲMaybankရဲ့အမှုဆောင်အရာရှိချုပ်က ယုံကြည် ထား ပါတယ်။''ထိုင်းအစိုးရက အာဆီယ ံအဖွဲ့ဝင်နိုင်ငံတွေအကြား ပေါင်းစပ်ညှိနှိုင်း မှုတွေဆောင်ရွက်ရာမှာ အေအီးစီကိုအဓိပ္ပာယ်အပြည့်အဝနဲ့ဖွဲ့ စည်းနိုင်ဖို့ ထိုင်းနိုင်ငံက ဦးစီးဆောင်ရွက်သွားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်''လို့ ဂျက်ထရိုရဲ့ ဗန်ကောက်ရုံးဥက္ကဋ္ဌနဲ့ အာဆီယံနဲ့ တောင် အာရှအတွက် ကိုယ်စားလှယ်ချုပ် မာဆာယာစုဟိုဆုမိက ပြောပါတယ်။ဗန်ကောက်မြို့မှာ ဇွန်လ ၁၅ ရက်နေ့ ကMaybank King Eng ကုမ္ပဏီ က ဦးစီးကျင်းပပေးတဲ့ ှုMaybank King Eng Invest ASEAN Thailand 2015ိ ၂၀၁၅ ကွန်ဖရင့်မှာ သူက ယခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။ နှီးနှောဖလှယ်ပွဲကို ပြည်တွင်း ပြည်ပ ကုမ္ပဏီ ၃၀ မှတက်ရောက်လာသူ ၄၀၀ ခန့်ရှိပါတယ်။''အေအီးစီ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နှစ်နိုင်ငံအပြန်အလှန်စီစဉ် ဆောင်ရွက်မှုတွေလိုအပ်ပါတယ်။ အထူးသဖြင့် တစ်နေရာတည်းမှာ အပြီး သတ်စစ်ဆေးရေး၊ ကြီးကြပ်ရေးစည်းမျဉ်းများ တစ်ပြေးညီဖြစ်ရေးတို့မှာ လို အပ်ပါတယ်။နယ်စပ်ဒေသ တွေမှာ ၂၄ နာရီတာဝန်ယူဆောင်ရွက်ပေးစေချင်ပါ တယ်''လို့ ဟိုဆုမိက ပြောပါတယ်။
Background