Main menu

Background

ဗန်ကောက်ဗုံးပေါက်ကွဲမှုက ထိုင်းစီးပွားရေးကို ခြိမ်းခြောက်

Tue, 08/25/2015 - 20:55 -- journal_editor

     ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရဲ့ အချက်အချာကျတဲ့နေရာမှာရှိတဲ့ ဟိန္ဒူ ဘုရားရှိခိုးကျောင်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၂၂ ဦး သေဆုံးကာ ၁၀၀ ကျော်  ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ဒီပေါက်ကွဲမှုက အလူးအလဲ ရုန်းကန်နေရတဲ့ ထိုင်းစီးပွားရေးအတွက်  အလားအလာကောင်းတဲ့  ကဏ္ဍတစ်ခုဖြစ်တဲ့ ထိုင်း ခရီးသွားလုပ်ငန်းကဏ္ဍကို ပြင်းထန်တဲ့ ထိုးနှက်ချက်ပင်ဖြစ်ကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
     လူစည်ကားချိန်မှာ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ၂၄ နာရီမပြည့်မီ သြဂုတ်လ ၁၈ ရက်နေ့က အချို့ခရီးသွားလုပ်ငန်း အော်ပရေတာများက ခရီးစဉ်များကို ဖျက်သိမ်းခဲ့ပါတယ်။ ဟောင်ကောင်က "အနီရောင် သတိပေးချက်" ထု တ်ပြန်ပြီး အရေးတကြီးကိစ္စမဟုတ်ပါက ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ခရီးမသွားရန် သတိပေးထားပါတယ်။ "ဒီပေါက်ကွဲမှုကခရီးသွားလုပ်ငန်းကို ဂယက်ရိုက်ခတ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအချိန်ကအလုပ်အကိုင်တွေ ပါးတဲ့အချိန် ဆိုတော့ ဒီပေါက်ကွဲမှု ကြောင့် ဂျီဒီပီကိုဘယ်လောက်ထိခိုက်မှု ရှိမယ်ဆိုတာကိုတော့ ပြောရခက်ပါတယ်။ ဂယက်ရိုက်ခတ်မှုဘယ်လောက်ရှိတယ်ဆိုတာကို အောက်တိုဘာလမှ ပြတ်ပြတ်သားသားသိရပါမယ်။ အဲဒီအချိန်လောက် ဆိုရင် နိုင်ငံခြားသားခရီးသွားတွေက ဒီကိစ္စကိုမေ့မေ့လျော့လျော့ ဖြစ်ပါစေလို့ပဲ ဆုတောင်းရတော့မှာပါ"လို့ ထိုင်းဘဏ္ဍာရေးဝန်ကြီး ဆွမ်မိုင်ဖာဆီးက သတင်းထောက်တွေကိုပြောပါတယ်။
     ဖောက်ခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများအနက် နိုင်ငံခြားသားကိုးဦးပါဝင်ပြီး  ဘာကြောင့်တိုက်ခိုက်ရတယ်ဆိုတာကို ယခုထိ  မသိရသေးပါဘူး။ ယခင်နှစ်က နိုင်ငံရေးဆူပူမှု တွေ လပေါင်းများစွာဖြစ်ပွားမှုကြောင့် မေလ အတွင်းက စစ်တပ်ကအာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံခြားသားခရီးသွားတို့က ထိုင်းနိုင်ငံကို ခရီးသွားဖို့ရှောင်ကြဉ်ကြပါတယ်။ ဒါပေမယ့် နိုင်ငံအတွင်းရှိ ကျော် ကြားလှတဲ့ ကမ်းခြေဒေသတွေနဲ့ နိုက်ကလပ်တွေရှိရာ ေ ဒသတွေကို နိုင်ငံခြားသားတွေ ပြန်လည်ဝင်ရောက်လာကြပြီး ၂၀၁၅ ခုနှစ်  ပထမနှစ်ဝက်မှာ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုက ၂၉ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ပြီး ၁၄ ဒသမ ၉ သန်းထိ ရောက်ရှိခဲ့ပါ တယ်။