Main menu

Background

ကမ္ဘာ့ဆန်အများဆုံးတင်ပို့သော နိုင်ငံနေရာသို့ ပြန်လည်ရရှိပြီဟု ထိုင်းအစိုးရက အခိုင်အမာ ယုံကြည်

Wed, 08/26/2015 - 17:03 -- journal_editor

      ထိုင်းနိုင်ငံသည် ကမ္ဘာ့ဆန်အများဆုံး ထုတ်လုပ်တင်ပို့တဲ့ ဦးဆောင်နိုင်ငံနေရာကို ပြန်လည်ရရှိလာပြီဟု ထိုင်းအစိုးရက အခိုင်အမာယုံကြည်နေပြီဖြစ်ပါတယ်။ ထိုင်းပြည်ပဆန်တင်ပို့သူများအသင်း (The Thai Rice Exporte -rs Association - TREA) ရဲ့ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ် ပထမနှစ်ဝက်ခြောက်လတာကာလမှာ ဘတ် ၇၂ ဘီလီယံကျော်တန်ဖိုးရှိ ဆန်တန်ချိန် ၄ ဒသမ ၄၆ သန်းတင်ပို့နိုင်ခဲ့ပြီး ယှဉ်ပြိုင်ဖက်နိုင်ငံများကို ပမာဏအားဖြင့်ရော တန်ဖိုး အားဖြင့်ပါ ကျော်လွှားနိုင်ခဲ့တယ်လို့ သိရပါတယ်။
     ကျန်တဲ့ ခြောက်လတာကာလမှာလည်း ပိုမိုတင်ပို့နိုင်မယ်လို့ မျှော်မှန်းထားကြောင်း၊ အကြောင်းမှာ မိုးခေါင်မှုနဲ့ ဘတ်ငွေဈေးကျဆင်းမှုကို ကျော်လွှားနိုင်ခဲ့တဲ့အတွက်လို့ သိရပါတယ်။ ထိုင်းနိုင်ငံဟာ ဆန်အပြင် အခြားပို့ကုန် အမယ်များဖြစ်တဲ့ လျှပ်စစ်ပစ္စည်းများ၊ ဘိလပ်မြေ၊ မော်တော်ယာဉ် အစိတ်အပိုင်းများနဲ့ ပီလောပီနံများ ပိုမိုတင်ပို့သွားနိုင်ခြေရှိတယ်လို့ မျှော်မှန်းထားပါတယ်။

 

CMK