Main menu

Background

ဂျပန်စားသောက်ကုန်လုပ်ငန်းများက ဆန်နို့ ကို အမြောက်အမြားထုတ်လုပ်

Mon, 09/07/2015 - 21:15 -- journal_editor

ချိုပြီးအဟာရပြည့်ဝတဲ့ ဆန်နို(Rice Milk)  ကို လူကြိုက်များကျော် ကြားလာတဲ့အတွက် ဂျပန်အစားအစာထုတ်လုပ်ရေးကုမ္ပဏီများက ဈေး ကွက်အတွင်း ဆန်နို့များကို အမြောက်အမြား   တင်သွင်းလာကြောင်း အဆာဟိ သတင်းမှာ ဖော်ပြထားပါတယ်။''ဆန်နို့ဈေးကွက်က ယန်းတစ်ဘီလီယံ  (အမေရိကန် ဒေါ်လာ ၈ ဒသမ ၃၈ သန်း) ဖိုးအထိ ထွန်းကားလာလိမ့်မယ်လို့  ခန့်မှန်းထားပါတယ်။ ဆန်စားသုံးမှုက ကျဆင်းနေတဲ့အတွက် ဆန်ကို အချိုရည်ထုတ်လုပ်တဲ့လုပ်ငန်းမှာအသုံးပြု ဖို့ ကျွန်တော် အများကြီးမျှော်လင့်ချက်ထားပြီး ဆောင်ရွက်နေပါတယ်''လို့  ဆန်နို့(Okome  no  Milk) ကို ဈေးကွက်တင်နိုင်ဖို့ ကြိုးစားနေ တဲ့   အမျိုးသားလယ်ယာစိုက်ပျိုးရေးသမ ဝါယမအသင်းချုပ်(National Federation of  Agricultural Co-operative Association)  ရဲ့ အရာရှိတစ်ဦးက ပြောပါတယ်။
ဆန်ကနေထုတ်လုပ်ပြီး နို့နဲ့တူတဲ့ အချိုရည်ကိုဂျပန်လူမျိုးစားသုံးသူ တွေကြားမှာ လူကြိုက်မများသေးပါဘူး။ ဒီအချို ရည်မျိုးကို အဓိကအားဖြင့် ပြည်ပမှတင်သွင်းပြီး စူပါမားကက်တွေမှာသာ ရောင်းချလေ့ရှိပါတယ်။
ဒါပေ မယ့် ယခင်နှစ်ဇူလိုင်လအတွင်းက   ဖူကူအီအခြေစိုက်KST World Corp u Gen-My ဆိုတဲ့အချိုရည်ကို ပြည်တွင်းမှာ ထုတ်လုပ်ပြီး ဖြန့်ချိခဲ့ပါတယ်။ အဆိုပါကုမ္ပဏီကထုတ်လုပ်တဲ့ ဆန်နို့ကို  စူပါမားကတ် တွေနဲ့ တခြား စတိုးဆိုင်တွေမှာတင်ပြီး တစ်ဘူးကို ၂၇၅ ယန်းနဲ့ ရောင်းချခဲ့ ပြီး ဈေးကွက်မှာ လူသိများလာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။၂၀၁၅ ခုနှစ်  မတ်လ မှာ ဟင်းခတ်အချိုမှုန့်ထုတ်လုပ်တဲ့ ကီကိုမန် ကော်ပိုရေးရှင်းက လုံးတီး ဆန်ကထုတ်လုပ်တဲ့  ဆန်နို့ကို  ဈေးကွက်မှာ တင်ပြီးယန်း ၂၀၀ နှုန်းနဲ့  ရောင်းချခဲ့ပါတယ်။အသေးစားနဲ့   အလတ်စားစီးပွားရေး လုပ်ငန်းတွေကလည်း   အလားတူ ဆန်နို့ကို  အရသာတစ်မျိုးနဲ့ ထုတ်လုပ်ပြီး ဈေးကွက်ကို ခါတော်မီအဖြစ် ဝင်ရောက်ခဲ့ပါတယ်။ယေဘုယျအားဖြင့် ဆန်နို့ကိုထုတ်လုပ် ရာမှာ ဆန်ကို ထမင်းချက်ပြီးရလာတဲ့ ကစီ ဓာတ်ကနေ သကြားဓာတ်ရအောင်  ထုတ် လုပ်တာဖြစ်ပါတယ်။ထုတ်လုပ်ရရှိတဲ့ ထုတ်ကုန်က  သကြား မထည့်ရဘဲ ချိုတဲ့အရသာ  ရှိပါတယ်။ ဂျပန်မှာ လူကြိုက်နည်းပေမယ့် အမေရိကန်ပြည်ထောင်စု၊ ဥရောပနဲ့    တချို့သက်သတ်လွတ်သမားတွေက နွားနို့ထက်ဆန်နို့ကို ပို
ကြိုက်ကြပါတယ်။                                                                    

  UNT