Main menu

Background

ပထမနှစ်ဝက်အတွင်း ကိုရီးယား နိုင်ငံပိုင်လုပ်ငန်းများ ကြွေးမြီဝမ်သုံးထရီလီယံကျော်လျှော့ချ

Fri, 10/30/2015 - 17:50 -- journal_editor

            ယခုနှစ် ပထမနှစ်ဝက်အတွင်း ကိုရီးယားနိုင်ငံပိုင် လုပ်ငန်းများတွင် တင်ရှိနေသည့် ေြွကးမြီများအနက်မှ ၃ ဒသမ ၅ ထရီလီယံဝမ် လျှော့ချနိုင်ခဲ့ ပါသည်။ ယခုနှစ် ဇွန်လကုန်တွင် နိုင်ငံ ပိုင်လုပ်ငန်း ၃၀ မှ ကြွေးမြီ စုစုပေါ င်း ၃၇၇ ဒသမ ၁ ထရီလီယံ ဝမ် အနက်မှ ၃ ဒသမ ၅ ထရီလီယံ ဝမ် လျှော့ချနိုင်ခဲ့၍ ၃၇၃ ဒသမ ၆ ထရီလီယံ  ဝမ်သာကျန်ရှိတော့ ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အများဆုံးကြွေးမြီ လျှော့ချနိုင် သည့် နိုင်ငံ ပိုင်လုပ်ငန်းမှာ  Korea Gas Corp. ဖြစ်ပြီး၊ ယခင် ကြွေးမြီ ၅၄၁၁ ဒသမ ၂ ဘီလီယံ ဝမ် မှ ၃၆၃၆ ဒသမ ၄ ဘီလီယံဝမ် သာ ကျန်ရှိပြီး၊ အဓိကအချက်မှာ ကမ္ဘာ့ရေနံဈေးနှုန်းများကျ ဆင်းခြင်းကြောင့်ဖြစ်သည်ဟု သိရှိရသည်။ အြ ခားနိုင်ငံပိုင်လုပ်ငန်းများဖြစ်သည့် Korea Railroad Corp. သည် ၂၈၆၉ ဒသမ ၉ ဘီလီယံဝမ် ၊ Korea Land & Housing Corp. သည် ၁၈၁၁ ဒသမ ၂ ဘီလီယံဝမ်တို့ လျှော့ချနိုင်ခဲ့ပြီး ၎င်းတို့၏ ရရန်ပိုင်ခွင့်များ ရောင်းချပြီး ပေး ဆပ်ခဲ့သောကြောင့်ဖြစ်သည်။
                ယခုနှစ် ပထမနှစ်ဝက်တွင် နိုင်ငံပိုင်လုပ်ငန်းများ၏ စုပေါင်းအသားတင် အမြတ်သည် ၄ ဒသမ ၇ ထရီလီယံ ဝမ် ဖြစ်ပြီး၊ ယခင်နှစ်အလားတူကာလထက် ၂ ဒသမ ၂ ထရီလီယံဝမ် တိုးလာခဲ့သည်။   Corp. သည်  အနုတ်၃၄ ဒသမ ၁ ဘီလီယံဝမ် အသီးသီး အရှုံးပေါ်ခဲ့ကြသည်။

 

သန့်ဇင် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့