Main menu

Background

ဗီယက်နမ်ပြည်တွင်းဘဏ်များ အကျိုးအမြတ်ကျဆင်း

Fri, 11/13/2015 - 18:40 -- journal_editor

ပြန်လည် ပေးဆပ်နိုင်မှာမဟုတ် တဲ့ ကြွေးဆုံးလျာထားချက်တွေ မြင့်မား လာတဲ့အတွက် ဗီယက်နမ်ပြည်တွင်းကူး သန်းရောင်းဝယ်ရေးဘဏ်များ ရရှိတဲ့ အမြတ်က ယခင်နှစ်ကအမြတ်နဲ့ နှိုင်း ယှဉ်ရင်လျော့ကျခဲ့ကြောင်း အမျိုးသား ဘဏ္ဍာရေးကြီးကြပ်မှုကော်မရှင် (NFSC) ရဲ့ အစီရင်ခံစာကို ကိုးကားပြီး VNS သတင်းမှာ ဖော်ပြပါတယ်။ဗီယက်နမ် ကူးသန်းရောင်းဝယ် ရေးဘဏ်များရဲ့ ၂၀၁၅ ခုနှစ် အောက် တိုဘာလ ၃၁ ရက်အထိ အီကွီတီရှယ် ယာများပြန်ရနှုန်း(Return on Equity - ROE)  မှာ ၄ ဒသမ ၁၆ ရာခိုင်နှုန်း ရှိခဲ့ ရာ ၂၀၁၃ ခုနှစ်က ရရှိခဲ့တဲ့ ၆ဒသမ၄ ရာခိုင်နှုန်းနဲ့ ၂၀၁၄ ခုနှစ်က ရရှိခဲ့တဲ့ ၄ဒသမ၁၆ ရာခိုင်နှုန်းမှ ဆက်တိုက် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း  အစိုးရရဲ့ ဘဏ္ဍာရေး    စောင့်ကြည့်လေ့လာရေး အဖွဲ့က  တင်ပြတဲ့အောက်တိုဘာ အစီ ရင်ခံစာမှာ ဖော်ပြထားပါတယ်။အလားတူဘဏ်များရဲ့ အက် ဆက်နဲ့ပြန်ရနှုန်း (Return on Asset-ROA)  မှာလည်း ၂၀၁၃ ခုနှစ်က  သုည ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်မှာ သုည ဒသမ ၃၆ ရာခိုင်နှုန်းနဲ့ ၂၀၁၅ ခုနှစ်မှာ သုည ဒသမ ၃၂ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ပါတယ်။ဘဏ်များက ကြွေးဆုံးများကို    ဖြေရှင်းရန် အရန်ငွေအမြောက်အမြား ခွဲဝေလျာထားရမှာဖြစ်တဲ့အတွက်   ကူး သန်းရောင်းဝယ်ရေး      ဘဏ်များရဲ့ အကျိုးအမြတ်ကျဆင်းရခြင်းမှာ ကြွေး ဆုံးများအတွက် လျာထားငွေကြောင့်ဖြစ် ကြောင်း အမျိုးသားဘဏ္ဍာရေးနဲ့ ငွေ ကြေး မူဝါဒ အကြံပေးကောင်စီ အဖွဲ့ဝင် ထရန်ဒူလစ်က ပြောပါတယ်။ထုတ်ချေးငွေ ဖွံ့ဖြိုးနှုန်းမြင့်မား ပြီး အသားတင်အတိုးနှုန်း အနည်းငယ် မြင့်တက်ခဲ့ပေမယ့် စွန့်စားမှုအန္တရာယ် အတွက် လျာထားငွေများ မြင့်တက်မှု ကြောင့် ဘဏ်များရဲ့ ယခုနှစ်အတွက် အကျိုးအမြတ်က ကျဆင်းခဲ့ပါတယ်။ဘဏ်လုပ်ငန်းစနစ်ရဲ့    အကျိုး အမြတ်ဖြစ်ထွန်းမှုမှာ လောလောဆယ် တွင် ကျဆင်းလျက်ရှိရာ ဘဏ်များရဲ့ ငွေကြေးဆိုင်ရာ    စွမ်းဆောင်ရည်များ ကျဆင်းပါက လိုအပ်တဲ့ နည်းပညာဆိုင် ရာ ပစ္စည်းများကို ဝယ်ယူနိုင်မှာ မဟုတ် တဲ့အတွက် ပြိုင်ဘက်ဘဏ်များနဲ့ ယှဉ် ပြိုင်ရာမှာ နောက်ကျကျန်ရစ်နိုင်မယ့် အန္တရာယ်ရှိကြောင်း စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးရေးသိပ္ပံ    ညွှန်ကြားရေးမှူး လေဇွမ်ငီယာက ပြောပါတယ်။

ဉာဏ်တင်