Main menu

Background

အေအီးစီကြောင့် လုပ်ငန်းသစ်များ အလျှိုအလျှိုပေါ်ထွက်လာဖွယ်ရ

Fri, 11/27/2015 - 17:08 -- journal_editor

အာဆီယံ   စီးပွားရေးအသိုက် အဝန်း(အေအီးစီ)ကို အပြည့်အဝအကောင်အထည်ဖော်တော့မှာဖြစ်တဲ့ အတွက် ထိုင်းနိုင်ငံမှာ ကုမ္ပဏီသစ်မှတ်ပုံ တင်မှုက ၂၀၁၆  ခုနှစ်မှာ ၆၅၀၀၀ အထိ တိုးတက်လာမှာဖြစ်ကြောင်း နေးရှင်း သတင်းမှာ  ဖော်ပြပါတယ်။အာဆီယံ   ပေါင်းစည်းမှုကြောင့်   ဖွံ့ဖြိုးတိုးတက်မည့်   အခွင့် အလမ်းတွေ  ပိုမိုတွေ့မြင်ရခြင်းနဲ့       ထိုင်းနိုင်ငံ  စီးပွားရေး     ခိုင်မာလာခြင်း    စတဲ့ အချက်တွေကြောင့်  ၂၀၁၆ ခုနှစ်မှာ ဆောက် လုပ်ရေး၊ ကုန်သွယ်ရေးနဲ့ ဝန် ဆောင်မှုလုပ်ငန်းတွေအပါအဝင် စက်မှု လုပ်ငန်းကဏ္ဍအသီးသီးမှာ   လုပ်ငန်း သစ်တွေ ထူထောင်ကြမှာဖြစ်ကြောင်း စီးပွားရေး  ဖွံ့ဖြိုးရေးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ပွန်းပန်ဂီယာရာ ဗီရိယာ ပန်က  နိုဝင်ဘာ ၁၇ ရက်က  ပြောပါ တယ်။တခြားနိုင်ငံများအတွင်း    ထိုး ဖောက်ဝင်ရောက်နိုင်တဲ့ အချိတ်အဆက် တွေ ထိုင်းနိုင်ငံမှာရှိနေတဲ့အတွက် ထိုင်း နိုင်ငံကို ဒေသတွင်း   ပေါင်းစည်းရေးရဲ့ အချက်အချာဒေသအဖြစ် သဘောထား ကြကြောင်း၊  စီးပွားရေးဖွံ့ဖြိုးမှုကဏ္ဍမှာ ဆောင်ရွက်နေသူတွေက ပြောပါတယ်။ လာမယ့်နှစ်မှာ  စီးပွားရေး ဖွံ့ဖြိုးမယ့် အလားအလာကောင်းတွေ   ရှိနေတဲ့ အတွက် ထူထောင်စလုပ်ငန်းသစ်တွေ ပိုမိုများပြား လာလိမ့်မယ်လို့  ခန့်မှန်းကြ ပါတယ်။ထိုင်းနိုင်ငံရဲ့   စီးပွားရေးဖွံ့ဖြိုးမှု နှုန်းကို ၂ ဒသမ ၈ ရာခိုင်နှုန်း တိုးတက် မယ်လို့ ခန့်မှန်းထားတဲ့အတွက် ယခုနှစ် အတွင်းမှာ      အသစ်ထူထောင်မယ့် ကုမ္ပဏီပေါင်း ၆၀၀၀၀ အထိ  ရှိမယ်လို့ ခန့်မှန်းထားပါတယ်။  ထိုင်းအစိုးရက ဆောင်ရွက်ပေးတဲ့ ရေတိုစီးပွားရေးလှုံ့ ဆော်အားပေးမှု အစီအမံတွေကလည်း ယခုနှစ်အကုန်မှာ ရလဒ်တွေထွက်ပေါ် လာလိမ့်မယ်လို့လည်း   ခန့်မှန်းထားပါ တယ်။