Main menu

Background

အီး-ကောမတ်စ်လုပ်ငန်းများအား ရင်းနှီးမြှုပ်နှံမှု လျှောက်ထားရန် လိုသည့်စာရင်းမှ အင်ဒိုနီးရှားအစိုးရက ပယ်ဖျက်မည်အင်ဒိုနီးရှား

Fri, 11/27/2015 - 17:09 -- journal_editor

ပြည်တွင်းမှာ အီးကောမတ်စ် လုပ် ငန်း ဆောင်ရွက်နေသူများအတွက် ငွေကြေးရရှိစေရန်     စီမံချက်တစ်ရပ် အဖြစ်   အထူးသဖြင့်  အင်ဒိုနီးရှားမှာ ထူထောင်ပြီးဖြစ်တဲ့ နိုင်ငံခြားအီးကော မတ်စ်ကုမ္ပဏီများ နိုင်ငံတွင်းမှာ စီးပွား ရေးလုပ်ငန်းများ     ဆောင်ရွက်လာ အောင်   အားပေးမှုအဖြစ် အစိုးရက ရင်းနှီးမြှုပ်နှံမှုအတွက်    လျှောက်ထားရ မည့်စာရင်း"Negative Investment List"  ကို     ပြုပြင်ပေးမှာဖြစ်ကြောင်း ဂျကာတာ ပို့စ်သတင်း မှာ    ဖော်ပြပါ တယ်။ဆက်သွယ်ရေးနဲ့     ပြန်ကြား ရေးဝန်ကြီး   ဂူဒီယာနာရာ၊ ကုန်သွယ် ရေးဝန်ကြီးသောမတ်လမ်ဘောင်း၊ ရင်း နှီးမြှုပ်နှံမှု ပေါင်းစပ်ညှိနှိုင်းရေးဘုတ် အဖွဲ့(BKPM) ဥက္ကဋ္ဌ ဖရန်ကီဆီဘာရာ နီတို့ တွေ့ဆုံေ ဆွးနွေးပြီးနောက် ပြင် ဆင်ရေး စီမံချက်ပေါ်ထွက်လာတာဖြစ် ပါတယ်။  ဟရင်းနှီးမြှုပ်နှံမှု လျှောက်ထား ရန် လိုအပ်သည့်စာရင်းမှ] ထူထောင်ပြီး ဖြစ်တဲ့  ကုမ္ပဏီများကို   ဖယ်ရှားပေးဖို့ သူတို့က သဘောတူခဲ့ပါတယ်။
ပြည်တွင်း အင်တာနက်ကုမ္ပဏီ တွေ ငွေကြေးပိုမိုရရှိနိုင်မယ့် နည်းလမ်း တွေကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ဂူဒီယန်တာရာက ပြောပါတယ်။ထူထောင်ထားပြီးဖြစ်တဲ့   အီး ကောမတ်စ်ကုမ္ပဏီတွေကို     ရင်းနှီး မြှုပ်နှံမှုလျှောက် ထားရန်   လိုအပ်တဲ့စာ ရင်းက    ဖယ်ရှားပေးဖို့ ''ကျွန်တော်၊ လမ်ဘောင်းနဲ့ ဖရန် ကီတို့က ဆွေးနွေးခဲ့ ကြပါတယ်။ ဒါပေမယ့် ထူထောင်စလုပ် ငန်းတွေ၊ အသေးစားနဲ့   အလတ်စား စီးပွားရေး လုပ်ငန်းတွေတော့ မပါဝင် သေး ပါဘူး''လို့ သူကပြောပါတယ်။ထူထောင်စ  လုပ်ငန်းများနဲ့ အသေးစားနဲ့ အလတ်စား   စီးပွားရေး လုပ်ငန်းများကို ပြည်တွင်းလုပ်ငန်းရှင် တွေ   စတင်ဆောင်ရွက်ရမယ်လို့ သူက ပြောပါတယ်။ပြည်တွင်း    အီးကောမတ်စ် လုပ် ငန်းတွေအနေနဲ့ ဘဏ္ဍာငွေကြေးရရှိဖို့ ကြိုး ပမ်းဆောင်ရွက်ရာမှာ အခက်အခဲ ရှိစေတဲ့အတွက် အီးကောမတ်စ်လုပ် ငန်းများအား ရင်းနှီးမြှုပ်နှံမှုအတွက် လျှောက်ထားရန် လိုအပ်တဲ့စာရင်း}မှာ ထည့်သွင်းထားတာနဲ့ ပတ်သက် လို့ ေ၀ ဖန်မှုတွေ အများအပြားရှိနေပါတယ်။