Main menu

Background

ဒေသတွင်းပေါင်းစည်းချိန်မှာ စီးပွားရေးလုပ်ငန်းများအတွက် စင်ကာပူနိုင်ငံက အခြေစိုက်စခန်းဖြစ်လာနိုင်

Thu, 12/03/2015 - 16:42 -- journal_editor

               ဒေသတွင်းပေါင်းစည်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများ မြင့်တက်လာချိန်မှာ အာရှဒေသတွင်းမှာ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ဖို့ ရှာဖွေနေကြတဲ့ ကုမ္ပဏီများအတွက် စင်ကာပူနိုင်ငံက ယုံကြည်စိတ်ချရတဲ့ အြေ ခစိုက်စခန်းအဖြစ် အရေးပါတဲ့အခန်းက ပါဝင်လာနိုင်ဖွယ်ရှိတယ်လို့  စင်ကာပူဘဏ္ဍာရေးဝန်ကြီး ဟန်ဆွီကိတ် ကပြောကြောင်း စီအင်န်အေသတင်းမှာ ဖော်ပြပါတယ်။ ဒေသတွင်းမှာ အစုစပ်လုပ်ငန်းတွေ ထူထောင်ခြင်းအားဖြင့် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်း တွေ ပိုမိုဖန်တီးနိုင်မှာဖြစ်ကြောင်း နိုဝင် ဘာ ၂၆ ရက်ကကျင်းပတဲ့ ၂၀၁၅ ခုနှစ် အာရှယှဉ်ပြိုင်မှု စွမ်းရ ည် မြှင့်တင်ရေး သိပ္ပံကွန်ဖရင့် (2015 Asia Competitiveness Institute Conference) မှာ ဝန်ကြီးက ပြောပါတယ်။
              အာရှဒေသတွင်း၌လည်းကောင်း၊ အာရှဒေသနဲ့ ကျန်ကမ္ဘာ့ဒေသများနဲ့လည်းကောင်း ဆက်သွယ်ရာမှာ စင်ကာပူနိုင်ငံက ခိုင်မာတဲ့ ဆက်သွယ်ရေးစြင်္ကံ တစ်ခုဖြစ်ကြောင်းနဲ့ လုပ်ငန်းနယ်ပယ် အချို့နဲ့ဈေးကွက်နယ်ပယ် အချို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ စင်ကာပူနိုင်ငံက အထောက်အကူပေးနိုင်မှာဖြစ်ကြောင်း ဝန်ကြီးကပြောပါတယ်။ စီးပွားရေးလုပ်ငန်းများအတွက် အခြေစိုက်စခန်းအဖြစ် စင်ကာပူနိုင်ငံ က ဆောင်ရွက်ပေးနိုင်တဲ့အပြင် ဒေသတွင်း ရေးရာကိစ္စများကို စီးပွားရေးလုပ်ငန်းများ က ပိုမိုနားလည်အောင် ကြိုးပမ်းဆောင် ရွက်တဲ့အခါ သုတေသနလုပ်ငန်းများနဲ့ အသိပညာဖလှယ်ရေး အခြေစိုက်ခန်း တစ်ခုအဖြစ်လည်း ေ ဆာင်ရွက်ပေးနိုင်မှာ ဖြစ်ပါကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။