Main menu

Background

ဒေသတွင်းဈေးကွက်များသို့ လုပ်ငန်းချဲ့ထွင်သင့်ကြောင်း အင်ဒိုနီးရှားအစိုးရက တိုက်တွန်း

Fri, 12/11/2015 - 13:54 -- journal_editor

                အာဆီယံစီးပွားရေး အသိုက်အဝန်း ထူထောင်ပြီးနောက်ပိုင်း ဒေသတွင်း ဈေးကွက်များအထိ တိုးချဲ့နိုင်အောင်ဆောင်ရွက်ဖို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အစိုးရက အားပေးလျက်ရှိကြောင်း ဂျကာတာပို့စ်သတ င်းမှာ ဖော်ပြပါတယ်။ အင်ဒိုနီးရှားဈေးကွက်က ကြီးမားတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံအတွင်း ရောင်းချနေရတာကိုပင် ပြည်တွင်းစီးပွားရေးအများစုက ကျေနပ်နေကြကြောင်း၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးဌာနမှ အကြံပေး ရီဇာအဖန်ဒီလုကမင်းက ပြောပါတယ်။
              "အရိုးစွဲနေတဲ့ အယူအဆတွေကို ကျွန်တော်တို့ ပြောင်းလဲပစ်ရပါမယ်။ အင်ဒိုနီးရှားရဲ့ ပို့ကုန်အတိုင်းအဆကို တိုးမြှင့်နိုင်တဲ့ အနေအထားကမြင့်မားနေဆဲ ဖြစ်ပါတယ်"လို့ ရီဇာကပြောပါတယ်။ အင်ဒိုနီးရှားစီးပွားရေး လုပ်ငန်းတွေက သူတို့ရဲ့ ထုတ်ကုန်တွေ စတင်တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်ရာမှာ အေအီးစီ က တွန်းအားတစ်ခုဖြစ်သင့်ပါတယ်လို့ သူကပြောပါတယ်။ အင်ဒိုနီးရှားပို့ကုန်ရဲ့ ဂျီဒီပီမှာ ပါ ဝင်တဲ့အချိုးက၂၄ ရာခိုင်နှုန်းရှိပြီး မလေးရှားနဲ့စင်ကာပူတို့က ၆၀ ရာခိုင်နှုန်းနဲ့ ၇၀ ရာခိုင်နှုန်းအသီးသီးရှိကြပါ တယ်။ "အင်ဒိုနီးရှားပို့ကုန်ရဲ့ ဂျီဒီပီမှာပါဝင်မှုအချိုးက နိမ့်ကျနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ စက် ရုံထွက်ပစ္စည်းတွေက ပြည်တွင်းသုံးစွဲဖို့ဖြစ်ပြီး ပို့ကုန် အတွက် မဟုတ်ပါဘူး။ ဒီအခြေအနေက အာဆီယံဒေသနဲ့ တခြားဒေသတွေကို ကျွန်တော်တို့ ထုတ်ကုန်တွေတိုးမြှင့်တင်ပို့နိုင်ရေးအတွက် အခွင့်အလမ်း တစ်ခု ဖြစ်နိုင်ပါတယ်"လို့ ရီဇာကပြောပါတယ်။
              မူလကုန်စည်တွေ တန်ဖိုးကျဆင်းနေတာကို အခွင့်ကောင်းယူပြီး စက်မှု ထုတ်ကုန်တွေ တိုးမြှင့်ဖို့ အင်ဒိုနီးရှားနိုင်ငံက ဆောင်ရွက်သင့်ကြောင်းနဲ့ မူလ ကုန်စည်တွေအစား တန်ဖိုးမြှင့်ထုတ်ကုန်တွေကို တင်ပို့သင့်ေ ကြာင်း သူက ပြောပါတယ်။ဗီယက်နမ်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ရဲ့ ထုတ်ကုန်တူညီမှု အညွှန်းကိန်းက ၅၀ နီးပါးရှိတဲ့အတွက် တခြားနိုင်ငံတွေရဲ့ တူညီမှုက ၂၀ နဲ့ ၃၀ ကြားမှာပဲရှိပါတယ်။ ဒါကြော င့် ဗီယက်နမ်နဲ့ အင်ဒိုနီးရှားနိုင်ငံ တို့က အေအီးစီမှာ ကြီးမားတဲ့ ပြိုင်ဖက်တွေဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံက ပစိဖိတ်ဖြတ်ပူးပေါင်းဆောင်ရွက်ရေး (ွှဏဏ) စာချုပ် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာပြီးနောက်ပိုင်း တချို့နိုင်ငံတွေနဲ့ ကုန်သွယ်ရာမှာ အကောက်ခွန် လွတ်ကုန်သွယ်မှုပြုနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာပါတယ်။