Main menu

Background

အိန္ဒိယပြည်တွင်းသံမဏိလုပ်ငန်းရှင်များအတွက် တရုတ်နိုင်ငံမှ သံမဏိတင်သွင်းနေခြင်းက စိန်ခေါ်မှုတစ်ရပ်ဖြစ်နေ

Thu, 01/07/2016 - 13:00 -- journal_editor

အိန္ဒိယနိုင်ငံ မဟာရာသျှတ္တရ-ပြည်နယ်ရှိ သံမဏိလုပ်ငန်းများအတွက် တရုတ်နိုင်ငံမှ တင်သွင်းလာတဲ့ သံမဏိတွေရဲ့စိန်ခေါ်မှုများနဲ့ အဓိကရင်ဆိုင်နေရလျက်ရှိတယ်လို့  သယ်ယူ ပို့ဆောင်ရေးနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး နီတင်ဂတ်ကာရီ ကပြောကြားပါတယ်။ပြည်တွင်း သံမဏိလုပ်ငန်းက အကျပ်အတည်းများနဲ့ ရင်ဆိုင်နေကြရပြီး လုပ်ငန်းအများစုဟာလည်း ပိတ်သိမ်းနေကြပြီဖြစ်ကြောင်း၊     ဒါပေမယ့် ဒီပြဿနာကို   ဖြေရှင်းရန်  နည်းလမ်းရှာဖွေနေ ကြောင်းနဲ့ များမကြာမီမှာ အဖြေရတော့မှာဖြစ် ကြောင်းJalna  မှ ၅  ကီလိုမီတာအကွာJavas ကျေးရွာမှာပြုလုပ်တဲ့ ကုန်းတွင်းဝင်ထွက်ပေါက် အုတ်မြစ်ချပွဲမှာ ဂတ်ကာရီက ပြောကြားလိုက်ပါ တယ်။
တည်ဆောက်မယ့် ကုန်းတွင်းဝင်ထွက် ပေါက်သည် စက်မှုလုပ်ငန်းရှင်များရော စိုက်ပျိုး ထုတ်လုပ်သူများပါ ကုန်ကျစရိတ်သက်သာစွာနဲ့ ကုန်သွယ်မှုပြုစေနိုင်မယ့် အကျိုးကျေးဇူးရရှိနိုင် စေမယ်လို့ သိရပါတယ်။ တည်ဆောက်ရေး ပထမအဆင့်အနေနဲ့ ရူပီး ကုဋေ ၃၅၀  အကုန် အကျခံပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။ဝန်ကြီး ရဲ့ ပြောကြားချက်အရ ဒီကုန်းတွင်းဝင်ထွက် ပေါက်ဟာ ကုန်စည်များ သယ်ယူပို့ဆောင်စရိတ် ကို သက်သာစေမယ့်အပြင် ဒေသတွင်းရှိ စက်မှု လုပ်ငန်းသစ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ် ချက်နဲ့ လုပ်ဆောင်တာဖြစ်ကြောင်း၊ အလုပ် အကိုင်အခွင့်အလမ်းများလည်း ပေါ်ထွန်း လာမှာဖြစ်ကြောင်း၊ ကုန်သည်များနဲ့တောင်သူ များကို အကျိုးပြုစေမယ့် အအေးခန်းသိုလှောင် ရုံများ၊ကုန်လှောင်ရုံများလည်း ဆောက်လုပ် သွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
အစိုးရအနေနဲ့ ယာဉ်အိုယာဉ်ဟောင်း များကို ဝယ်ယူပေးမယ့် အစီအစဉ်နဲ့ ယာဉ် အသစ်များ ရောင်းချပေးမယ့်  အစီအစဉ်လည်း ရေးဆွဲနေပြီး၊ ယာဉ်ဟောင်းများကို သံမဏိ လုပ်ငန်းများထံသို့ သက်သာသောဈေးနဲ့ ရောင်းချ ပေးသွားမယ်လို့ ဝန်ကြီးက အုတ်မြစ်ချပွဲအခမ်း အနားမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါ တယ်။
ဒါ့အပြင်ကျောက်မီးသွေးမှ ဓာတ်မြေသြဇာထုတ်လုပ်ရန်လည်းအစီအစဉ်ရှိကြောင်း၊ ဒီလိုထုတ်လုပ် နိုင်မယ်ဆိုရင် တောင်သူများ အနေနဲ့ သက်သာသော ဈေးနှုန်းနဲ့သုံးစွဲနိုင်မယ် လို့လည်း ပြောကြားခဲ့တယ်လဲ India Time  သတင်းမှာဖော်ပြထားပါတယ်။

CMK