Main menu

Background

တရုတ်ကုန်ပစ္စည်းများကြောင့် တောင်ကိုရီးယားပို့ကုန်များရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် ကျဆင်း

Wed, 02/03/2016 - 14:01 -- journal_editor

             တရုတ်ကုန်ပစ္စည်းများကြောင့် တောင်ကိုရီးယား ထုတ်ကုန်များမှာ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် ကျဆင်းပြီး ပြည်ပသို့တင်ပို့မှုပါ ကျဆင်းခဲ့ကြောင်း တောင်ကိုရီးယားဗဟိုဘဏ်က ဇန်နဝါရီ ၂၆ ရက်က ပြောပါတယ်။ တောင် ကိုရီးယားဗဟိုဘဏ်ရဲ့ အဆိုအရ တောင်ကိုရီးယားထုတ်ကုန်များရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်မှာ ၂၀၀၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း အထိုက်အလျောက်တိုးတက်ကောင်းမွန်ခဲ့ပေမယ့် ကမ္ဘာ့ဈေးကွက်မှာ တရုတ်ကုန်ပစ္စည်းများက ေ တာင်ကိုရီးယားထုတ် ကုန်များထက်ကျော်လွန်သွားကြောင်း ယွန်းဟပ်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။
              ''တောင်ကိုရီးယားနိုင်ငံရဲ့ ကမ္ဘာ့ယှဉ်ပြိုင်နိုင်မှုစွမ်းရည်က ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာ အထိုက်အလျောက် တိုးတက်ခဲ့ပါတယ်။  ဒါပေမယ့် တရုတ်နိုင်ငံရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်အောက်ကိုနိမ့်ကျနေဆဲ ဖြစ်ပါတယ်။ နိုင် ငံနှစ် နိုင်ငံရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကွာဟ ချက်ကတော့ ကျဉ်းမြောင်းလာတဲ့ သဘောကိုတွေ့ရပါတယ်''လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ် အတွင်း တရုတ်နိုင်ငံသို့  တောင်ကိုရီးယားနိုင်ငံမှ တ င်ပို့မှုက မှန်မှန်တိုးတက်ခဲ့ပေမယ့် တိုးတက်မှုနှုန်းက တရုတ် နိုင်ငံရဲ့ စုစုပေါင်း သွင်းကုန်တိုးတက်မှု နှုန်းအောက်ကို ကျဆင်းနေပါတယ်။ တရုတ်ဈေးကွက်ထဲမှာ တောင်ကိုရီးယားကုန်ပစ္စည်းတွေရဲ့ ယှဉ်ပြိုင်နိုင်မှု စွမ်းရည်က တြ ခားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ကျဆင်းနေပါတယ်။ တောင်ကိုရီးယားထုတ်ကုန်တွေက တရုတ်နိုင်ငံ ထုတ်ကုန်ပစ္စည်းတွနဲ့ နှိုင်းယှဉ်ရင်လည်း ယှဉ်ပြိုင်နိုင်မှုစွမ်းရည် ကျဆင်းနေတာကို တွေ့ရပါတယ်။၂၀၀၅ ခုနှစ်မှ ၂၀၁၃ ခုနှစ် အ တွင်းမှာ တောင်ကိုရီးယားထုတ်ကုန် အများစုရဲ့ ကမ္ဘာ့ဈေးကွက်ဝေစုက ပြိုင်ဘက်တရုတ်ကုန်စည်တွေရဲ့ ဈေးကွက် ဝေစုနဲ့ နှိုင်းယှဉ်ရင် ကျဆင်းနေတာကို တွေ့ရပါတယ်။
 

 

ဉာဏ်တင်