Main menu

Background

အီးယူနည်းဥပဒေများကိုလေ့လာဖို့ ဗီယက်နမ်ပြည်တွင်းကုမ္ပဏီများကို တိုက်တွန်း

Wed, 02/03/2016 - 14:08 -- journal_editor

             နှစ်ဘက်စလုံးမှာ အကျိုးစီးပွားရှိနိုင်တဲ့ အခွင့်အလမ်းတွေ  ရရှိစေနိုင်ရန်အတွက် ဥရောပသမဂ္ဂ (အီးယူ) ဈေးကွက်တွေမှာ ကျင့်သုံးလျက်ရှိတဲ့ သန့်ရှင်းရေးနဲ့ အပင်ပိုးမွှားကင်းရှင်းရေးဆိုင်ရာ အစီအမံ တွေကို လေ့လာ ထားရန်လိုအပ်ကြောင်း ငါးလုပ်ငန်းနဲ့ လယ်ယာစိုက်ပျိုးရေးကုန်ပစ္စည်းများ ထုတ်လုပ်နေတဲ့ ဗီယက်နမ်လုပ်ငန်းများကို ဗီယက်နမ်ငါးလုပ် အသင်းက ပြောပါတယ်။ ဒီလိုဆောင်ရွက်နိုင်မယ်ဆိုရင် လွတ်လပ်တဲ့ကုန်သွယ်မှု စာချုပ်များနဲ့ ညီညွတ်မှုရှိပြီး ပို့ကုန်အခြေခံစခန်းတွေကို တိုးချဲ့နိုင်မယ်လို့ပြော ကြောင်း ဗီယက်နမ်နယူးစ်အေဂျင်စီသတင်းမှာ ဖော်ပြပါတယ်။
             ဗီယက်နမ်နိုင်ငံနဲ့ အီးယူနိုင်ငံတွေက လွတ်လပ်စွာကုန်သွယ်မှုသဘောတူစာချုပ်များကို ချုပ်ဆိုထား ပြီးဖြစ်ရာ ထိုစာချုပ်များအရ အကောက်အခွန် အမြောက်အမြားကို ပယ်ဖျက်ထားတာကြောင့် ဗီယက်နမ်စီးပွားရေး လုပ်ငန်းများ အတွက် အကျိုးရှိ နိုင်တဲ့ အလားအလာတွေရှိနေပါတယ်။ ဒါကြောင့် အီးယူဈေးကွက်တွေကို လွယ်ကူချောမွေ့စွာထိုးဖောက် နိုင်ရေးအတွက် ဗီယက်နမ်ငါးထုတ်ကုန်များ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတင်ပို့တဲ့ လုပ် ငန်းရှင်တွေက အီးယူကပြဋ္ဌာန်းထားတဲ့ သန့်ရှင်းရေးနဲ့အပင်ပိုးမွှား  ကင်းရှင်းရေးဆိုင်ရာပြဋ္ဌာန်းချက်တွေကို နားလည်ဖို့လို ကြောင်း ဗီယက်နမ်ငါးလုပ်ငန်းအသင်းမှ ငုယင်တူ ကောင်းက ပြောပါတယ်။
            သွင်းကုန်ဈေးကွက်တွေအတွက် ချမှတ်ထားတဲ့ စံချိန်စံညွှန်းတွေကို ဗီယက်နမ်တင်ပို့သူတွက ဖြည့် ဆည်းမပေးနိုင်ဘူးဆိုရင် ကုန်သွယ်ရေးသဘောတူ စာချုပ်တွေအရ   ပေးထားတဲ့အခွင့်အလမ်းတွေက အဓိပ္ပါယ်မဲ့ သွားမှာဖြစ်ကြောင်း ကောင်းကပြောပါတယ်။ ဗီယက်နမ်ရဲ့ စည်းမျဉ်းဥပဒေတွေက အီးယူရဲ့ စည်းမျဉ်းဥပဒေတွေနဲ့ ညီညွတ်မှုမရှိသေးတဲ့အတွက် ပြည်တွင်းစီမံခန့်ခွဲရေးအေဂျင်စီတွေနဲ့ ပို့ကုန်လုပ်ငန်း တွေက အီးယူရဲ့စည်းမျဉ်း ဥပဒေတွေကို အပြည့်အ၀ နားလည်မှုမရှိသေးကြောင်း ကောင်းကပြောပါတယ်။ အီးယူဈေးကွက်ကို ရေရှည်ထိန်းထားနိုင်ဖို့အတွက် ဗီယက်နမ်ရဲ့ သန့်ရှင်းရေးနဲ့ အပင်ပိုးမွှား ရောဂါကင်းရှင်းရေး စည်းမျဉ်းဥပဒေတွေကို အီးယူ စံနှုန်းနဲ့ ကိုက်ညီအောင်ဆောင်ရွက်ဖို့ ရှေ့လုပ်ငန်းစဉ်ချမှတ်ရန်လိုကြောင်း သူကပြောပါတယ်။ တားမြစ်ထားတဲ့ ပဋိဇီဝဆေးတွေ၊ သတ္တုဓာတ်တွေနဲ့ ပိုးသတ် ဆေးအကြွင်းအကျန်တွေများနေကြောင်း အီးယူက ဗီယက်နမ်စီးပွားေ ရးလုပ်ငန်းတွေကို သတိပေးစာ တွေပေးပို့နေတဲ့အတွက် သန့်ရှင်းရေးက ယခုအခါမှာ အရေးကြီးတဲ့ကိစ္စရပ်တစ်ခုဖြစ်လာကြောင်း ဗီယက်နမ်သန့်ရှင်းရေးနဲ့ အပင်ပိုးမွှားကင်းရှင်းရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး လီသန်းဟွာ က ပြောပါတယ်။

 

ဉာဏ်တင်