Main menu

Background

အာဆီယံကုန်ထုတ်လုပ်မှုစံချိန်ကို အမီလိုက်ဖို့ ဗီယက်နမ်က ကြိုးပမ်း

Wed, 02/03/2016 - 14:33 -- journal_editor

             လုပ်သားအင်အားနဲ့   အလုပ် အကိုင်ရရှိမှုနယ်ပယ်မှာ ဗီယက်နမ် နိုင်ငံက ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံ တွေကို   ပခုံးချင်းယှဉ်နိုင်ဖို့  ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်းနဲ့ ထိုသို့ စွမ်းဆောင်ရည်ပြည့်ဝရေးအတွက်လာမယ့် ငါးနှစ်အတွင်း လုပ်သားများရဲ့ကုန်ထုတ်လုပ်မှုစွမ်းအားနဲ့ ဗီယက်နမ်လုပ်သားတို့ရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းဆောင်ရည်ကို တိုးမြှင့်ပေးဖို့  ကြိုးပမ်းလျက်ရှိကြောင်း ဗီယက်နမ်နက် ဘရစ်သတ င်း မှာ ဖော်ပြ ပါတယ်။
              ဗီယက်နမ်နိုင်ငံရဲ့ ယခုလိုကြိုး ပမ်းဆောင်ရွက်မှုက ၂၀၂၀ ပြည့်နှစ်မှာ အကောင်အထည်ဖော်မယ့် အပြည်ပြည်ဆိုင်ရာ ပေါင်းစည်းရေးမဟာ ဗျူဟာ (Strategy on International Intergration) ရဲ့ အစိတ်အပိုင်းတစ် ရပ် ဖြစ်ပါတယ်။ ဒီရည်မှန်းချက်ကို ၂၀၃၀ ပြည့် နှစ်အထိ အကောင်အထည်ဖော်သွားမှာဖြစ်ပြီး  ဒီမဟာဗျူဟာကို ဝန်ကြီး ငုယင်တန်ဇွန်းထံမှ  အတည်ပြုချက် ရယူထားပြီး ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် က အာဆီယံစီးပွားရေး အသို က်အဝန်း ကို ထူထောင်ခဲ့ပြီးနောက်ပိုင်း ဒီမဟာဗျူဟာကို  အတည်ပြုပေးခဲ့တာ ဖြစ်ပြီး အာဆီယံစီးပွားရေးအသိုက် အဝန်းကလည်း ကမ္ဘာပေါ်မှာတတိယ အကြီးမားဆုံး စီးပွားရေးပေါင်းစည်းမှု တစ်ခုဖြစ်ပါတယ်။ လူဦးရေ ၆၂၂ သန်း ရှိတဲ့ ဈေးကွက်ကြီးက တစ်နှစ်ကို အမေ ရိကန်ဒေါ်လာ ၂ ဒသမ ၆ ထရီလီယံထိ အခွင့်အလမ်းတွေ ဖော်ဆောင်ပေးမယ့် ဈေးကွက်ကြီး ဖြစ်ပါတယ်။
             ယခုချမှတ်လိုက်တဲ့ မဟာဗျူဟာ က ဗီယက်နမ်နိုင်ငံအတွက် အခွင့်အလမ်းနဲ့  စိန်ခေါ်မှု နှစ်ခုစလုံးကိုပါ ဆောင်ကျဉ်းပေးမယ့် မဟာဗျူဟာဖြစ်ပါတယ်။ အာဆီယံအုပ်စုအတွင်းမှာ လုပ်သားတွေအတွက် ကောင်းမွန်တဲ့ အခြေအနေတွေဖန်တီးပေးမှာဖြစ်သလို စိန် ခေါ်မှုတွေကလည်း ကြိုဆိုလျက်ရှိပါတယ်။အလုပ်သမား  ဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့  စာရင်းများအရ ဗီယက် နမ်နိုင်ငံမှာ လုပ်သားအင်အား ၅၃ ဒသမ ၇ သန်းရှိတဲ့အနက် ၂၀ ဒသမ ၆ ရာခိုင်နှုန်းက ဘွဲ့ရသူတွေ ဖြစ်ပါတယ်။ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဗီယက်နမ်နိုင်ငံ မှာ လုပ်သား ၁၆ ဒသမ ၇ သန်းကို အသက် မွေးဝမ်းကျောင်းလေ့ကျင့်ရေးဌာနမှာ ထပ်မံလေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။

 

ဉာဏ်တင်