Main menu

Background

အအေးလှိုင်းဖြတ်သန်းမှုကြောင့် တရုတ်(တိုင်ပေ)တွင် အမေရိကန်ဒေါ်လာ ၇၁ သန်းကျော်ဖိုး ဆုံးရှုံး

Thu, 02/04/2016 - 09:32 -- journal_editor

             ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက အာရှနှင့် အရှေ့တောင်အာရှတို့တွင် အအေးလှိုင်းများ ဖြတ် သန်းတိုက်ခတ်ခဲ့သဖြင့် လူသေဆုံးမှုများ၊ သီးနှံများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း တရုတ်(တိုင်ပေ) သတင်း ဌာနက ထုတ်ပြ န်ကြေညာခဲ့သည်။ တရုတ်(တိုင်ပေ)တစ်နိုင်ငံတည်းတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ အမေရိကန်ဒေါ်လာ ၇၁ ဒသမ ၆၄ သန်း ဆုံးရှုံးခဲ့ရကြောင်း တရုတ်(တိုင်ပေ) လယ်ယာစိုက်ပျိုးရေးကောင်စီက ထုတ်ဖော်ပြောကြားခဲ့သ ည်။ အအေးလှိုင်း ဖြတ်သန်းကျရောက်မှုကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ထိုင်ဝမ်ဒေါ်လာ ၁ ဒသမ ၇ သန်းခန့် ပျက်စီးဆုံးရှုံးမည်ဟု မူလက ခန့်မှန်းထားခဲ့သော်လည်း ယခုအခါတွင်မူ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ထိုင်ဝမ်ေ ဒါ် လာ ၂ ဒသမ ၄၆ ဘီလီယံ(အမေရိကန်ဒေါ်လာ ၇၁ ဒသမ ၆၄သန်း) ခန့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု တရုတ်(တိုင်ပေ) လယ် ယာစိုက်ပျိုးရေးကောင်စီ အထွေထွေအတွင်းရေး မှူး ထိုင်ယုယွင်က ပြောကြားခဲ့သည်။
            တရု တ်(တိုင်ပေ)တွင် ၁၉၉၉ ခုနှစ် ဒီဇင်ဘာ လကလည်း ယခုကဲ့သို့ပင် အအေးလှိုင်းဖြတ်သန်း ကျရောက်ခဲ့ရာ ထိုအချိန်က ပျက်စီးဆုံးရှုံးမှုတန်ဖိုး မှာလည်း  ယခုပမာဏအတိုင်းပင်ရှိခဲ့ကြောင်း ၎င်းက ထပ်မံပြောကြား ခဲ့သည်။ တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းတိုက် ခတ်လာသည့် အအေးလှိုင်းသည် ထိုင်ဝမ်ပင်လယ် ကွေ့အတွင်းသို့ ဖြတ်သန်းတိုက်ခတ်ခဲ့ရာ ဆယ် စုနှစ်တစ်စုအတွင်း အဆိုးရွားဆုံးဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ တ ရုတ်(တိုင်ပေ)၏  အနိမ့်ပိုင်းဒေသများ ဖြစ်သည့်Hsinchu Countyနှင့်Chiayi County ဒေသတို့တွင် မိုးသီးများ ကျရောက်ခဲ့ရာ ယင်းကဲ့သို့ မိုးသီးများ ကျရောက်မှုသည် ပထမဦးဆုံးအကြိမ် ပင်ဖြစ်ကြောင်း တရုတ်(တိုင်ပေ) မိုးေ လဝသဌာနမှ ကြေညာခဲ့သည်။
           တရုတ်(တိုင်ပေ)ရှိ မိုးလေဝသစင်တာ ၂၈ ခု၏ တိုင်းထွာချက်များအရ တရုတ်(တိုင်ပေ)ဒေသ တစ်ခုလုံးတွင် အပူချိန်များ စံချိန်တင်ကျဆင်းခဲ့ သည်ဟုဆိုသည်။ အအေးလှိုင်းဖြတ်သန်းမှုကြောင့် လယ်ယာ စိုက်ပျိုးရေး ကဏ္ဍတွင် ပျက်စီးဆုံးမှုသည် တိုင် ယန်မြို့တွင် အဆိုးရွားဆုံးဖြစ်ပြီး ထိုင်ဝမ်ဒေါ်လာ ၁ ဒသမ ၁၉ ဘီလီယံအထိရှိခဲ့ပြီး စုစုပေါင်းပျက်  စီးမှုပမာဏ၏ ၄၀ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးကောင်စီက ထုတ်ဖော်ေ ကြညာခဲ့သည်။ စိုက်ပျိုးမြေဧကဟက်တာပေါင်း ၅၀၂၄ ဟက် တာပျက်စီးဆုံးရှုံးခဲ့ရပြီး စပျစ်သီးများဆွတ်ခူးချိန် ဖြစ်၍ ဆုံးရှုံးမှုပမာဏ များပြားခဲ့ကြောင်း၊ ထို့ပြင် စတော်ဘယ်ရီ၊ ပန်းသစ်တော်၊ ခရမ်း ချဉ်သီးနှင့် ပျားလိမ္မော်သီး စိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

 

မယ်သီတာ