Main menu

Background

တရုတ်နိုင်ငံမြောက်ပိုင်းဒေသများတွင် နှစ်ပေါင်း ၃၀အတွင်း စံချိန်တင် အပူချိန်များကျဆင်း

Thu, 02/04/2016 - 09:40 -- journal_editor

            တရုတ်နိုင်ငံ မြောက်ပိုင်းဒေသများတွင် အပူချိန်များ စံချိန်တင်ကျဆင်းလျက်ရှိရာ နှစ် ပေါင်း ၃၀ အတွင်း စံချိန်တင်ကျဆင်းခြင်းဖြစ်ကြောင်း ချိုင်းနားဒေးလီးသတင်းတွင် ဖော်ပြထားသည်။ အပူချိန်ကျဆင်းမှုသည် ရေခဲ မှတ်အောက်   အနုတ် ၄၇ ဒသမ ၈ ဒီဂရီ ဆဲလ်ဆီးယပ်စ်သို့ပင် ကျရောက်ခဲ့သဖြင့် တရုတ်နိုင်ငံမြောက်ပိုင်းဒေသ များရှိ မြစ်များ၊ ချောင်းများ၊ ပင်လယ်များတွင် ရေမျက်နှာပြင်များ အေးခဲကာ လမ်းပန်းဆက် သွယ်ရေးများ ပြတ်ေ တာက်ခဲ့ရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
              တရုတ်နိုင်ငံ  မိုးလေဝသဌာန၏ သတင်း ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ တစ်ဝန်းလုံးတွင် အပူချိန်သည် လေးရက်ဆက်တိုက် ဆက်လက် ကျဆင်းနေဦးမည်ဖြစ်ပြီး မူလရှိသင့်သည့် အပူချိန်ထက် ၁၀ ဒီဂရီဆဲလ်ဆီး ယပ်စ် ထပ်မံကျဆင်းမည်ဖြစ်ကြောင်း ချိုင်းနားဒေလီသတင်းတွင် ဖော်ပြထားသည်။ အအေးလှိုင်းဖြတ်သန်းမှုကြောင့် အပူချိန် များကျဆင်းခဲ့ကာ နှင်းများ ကျဆင်းလျက်ရှိသဖြင့် တရုတ်နိုင်ငံတစ်ဝန်းရှိ သီးနှံစိုက်ခင်းများ အများ အပြား ပျက်စီးခဲ့ရသည်။
            အပူချိန် ကျဆင်းမှုကြောင့် စိုက်ခင်းများ၊ သီးနှံများ ပျက်စီးဆုံးရှုံးမှုမှကာကွယ်နိုင်ရန်အတွက် လယ်သမားများအား သဘာဝမြေသြဇာများကိုသာ ထပ်မံထည့်သွင်းပေးကြရန်လိုကြောင်း တရုတ်နိုင်ငံ လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာနမှ လယ်သမားများအား နှိုးဆော်ထားသည်ဟုဆို သည်။ ''အပူချိန်တွေက တစ်နေ့ထက်တစ်နေ့ ကျ ဆင်းနေတယ်။ အဲဒီလို အပူချိန်တွေ ကျဆင်းလာတာဟာ ကျွန်တော်တို့ရဲ့ စိုက်ခင်းတွေကိုပျက်စီးစေပါတယ်။ စိုက် ခ င်းအားလုံးရဲ့ ၁၀ ရာခိုင်နှုန်း လောက်ပဲ အကောင်းအတိုင်း ပြန်ရနိုင်မှာပါ''ဟု လယ်သမားတစ်ဦးဖြစ်သူ ရှောင်က People Daily  သို့ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံတွင် ၂၀၀၈ ခုနှစ်က ယခုကဲ့ သို့ အအေးလှိုင်းဖြတ်သန်း မှုေြ ကာင့် လူပေါင်း ၁၂၈ ဦးသေဆုံးခဲ့ရ ကြောင်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။

 

မယ်သီတာ