Main menu

Background

တရုတ်(တိုင်ပေ)ငလျင်ကြောင့် သေဆုံးသူ ၈၃ ဦးအထိ မြင့်တက်လာ၊ ပျောက်ဆုံးနေသူများအား ဆက်လက်ရှာဖွေလျက်ရှိ

Thu, 02/18/2016 - 10:26 -- journal_editor

           တရုတ်(တိုင်ပေ)တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်  နံနက်ပိုင်းက လှုပ် ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေမှာ မြင့်တက်လျက်ရှိ ကြောင်း၊ ဖေဖော်ဝါရီ ၁၂ ရက်အထိ သေဆုံးသူဦးရေ ၈၃ ဦးအထိ ရှိလာပြီး ပျောက်ဆုံးနေသူများလည်းရှိနေကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်ဖော်ရေး သားခဲ့သည်။ အထပ်ပေါင်း ၁၆ ထပ်ရှိသည့် Wei Guan  အဆောက်အအုံသည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရာ အဆိုပါ အဆောက် အအုံအောက်တွင် ပိတ်မိ နေသူများရှိနေသေးကြောင်း၊ ယင်းWei Guan  အဆောက်အအုံ၏ အပျက် အစီးများထဲတွင် သေဆုံးသူ စုစုပေါင်း ၈၁ ဦးကိုတွေ့ရှိခဲ့ရကြောင်း၊ အဆောက်အအုံ၏ အပျက်အစီးများကို ဖယ်ရှားသည့်လုပ် ငန်းများကို ဆက်လက်လုပ် ဆောင်လျက်ရှိကြောင်းအဆိုပါသတင်းတွင် ရေးသားဖော်ပြထားသည်။
           ကယ်ဆယ်ရေး   လုပ်သားများ သည် ပျောက်ဆုံးသည့် အသက်ရှင် ကျန်ရစ်သူများအား အဆိုပါ ၁၆ ထပ် မြင့်သည့် အဆောက်အအုံ၏အပျက် အစီးများအောက်တွင် ဆက်လက်ရှာ ဖွေလျက်ရှိသည်။  ပျောက်ဆုံးနေသူ ေ ပါင်း ၁၀၀ ကျော်ရှိနေပြီး အဆိုပါ ပျောက်ဆုံးနေသူများမှာ အသက်ရှင် ကျန်ရစ်နိုင်ဖွယ်ရာ  မရှိကြောင်းဖြင့် အဆိုပါသတင်းတွင် ဖော်ပြထားသည်။ တရုတ်(တိုင်ပေ) အစိုးရသည် ၁၆ ထပ်မြင့်သည့် အဆိုပါ အဆောက်အအုံအား ေ ဆာက်လုပ်သည့်လုပ်ငန်း ရှင်သုံးဦးကို ဖမ်းဆီးထားကြောင်း သိရသည်။   ယင်းအဆောက်အအုံကို ဆောက်လုပ်ရာတွင် အဆောက်အအုံ၏ အောက်ခံတိုင်များအတွင်း၌ ကွန်ကရစ်ထည့်သွင်းရမည့်အစား သံဖြုပုံးများကို ထည့်သွ င်းကာ ဆောက်လုပ်ထားသည်ကို တွေ့ရှိခဲ့ရသဖြင့် တရုတ် (တိုင်ပေ) ဆောက်လုပ်ရေးလုပ်ငန်းရှင် များကြားတွင် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်ဟုဆိုသည်။

 

မယ်သီတာ