Main menu

Background

မလေးရှားနိုင်ငံမှာ ဖိလစ်ပိုင်နိုင်ငံက စပ်မျိုးစပါးစိုက်ပျိုးမည်

Thu, 02/18/2016 - 10:44 -- journal_editor

            မလေးရှားနိုင်ငံက စပါးစိုက်ပျိုး ဧရိယာနည်းပါးလျက်   ရှိနေပေမယ့် ပြည်တွင်းမှာ ဆန်ဖူလုံစွာထုတ်လုပ်နိုင် ရေးအတွက် မလေးရှားနိုင်ငံက စပ်မျိုး စပါးထုတ်လုပ်မည်ဖြစ်ရာ ဖိလစ်ပိုင်နိုင်ငံက ဦးစားပေးဆောင်ရွက်သွား မှာဖြစ် ကြောင်း ဖိလစ်ပင်းစတား အွန်လိုင်း သတင်းမှာ ဖော်ပြပါတယ်။ ကနဦး ရှေ့ပြေး စမ်းသပ်ထုတ်လုပ်မှုတွင် အနည်းဆုံးမျိုးစေ့ ကီလို ၁၀၀၀ ကို ဖိလစ်ပိုင်မျိုးစပ်မျိုးထုတ်လုပ်ရေးလုပ်ငန်း SLA  gritech Corp  က တင်ပို့ပေး မှာ ဖြစ်ပါတယ်။
           ''ဒီလို စီးပွားဖြစ်စိုက်ပျိုးနိုင်တဲ့အတွက် ဖိလစ်ပိုင်နိုင်ငံကမလေးရှား နိုင်ငံနဲ့ သင့်တော်တဲ့စပ်မျိုးစပါးကို ပထမဆုံး မိတ်ဆက်စိုက်ပျိုးတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့စပ်မျိုးစပါးက အပူပိုင်းရာသီဥတုနဲ့ သင့်တော်အောင် မျိုး စပ်ထားပါတယ်။ မလေးရှားနိုင်ငံရဲ့ ရာသီဥတုနဲ့ ကျွန်တော်တို့ မင်နာဒါအို ကျွန်းစု ရဲ့ ရာသီဥတုက အတော်တူညီပါတယ်''လို့ SL Agritech့ ရဲ့ ဥက္ကဋ္ဌ ဟယ်ရီ လင်ကွန်း လျောင်ကပြောပါတယ်။ ရှေ့ပြေး စမ်းသပ်စိုက်ပျိုးရေး လု ပ်ငန်းကို မလေးရှားလယ်ယာစိုက်ပျိုး ရေးသုတေသနနဲ့ ဖွံ့ဖြိုးရေးသိပ္ပံမှတစ်ဆင့် မလေးရှားအစိုးရနဲ့ မလေးရှား ပုဂ္ဂလိက လုပ်ငန်းတစ်ခုဖြစ်တဲ့ တီတီလျာ ယာလင်းကုမ္ပဏီ TLB တို့ ပူးပေါင်း ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ ဖိလ စ် ပိုင် စပ်မျိုးစပါးကို တင်သွင်းပြီး စီးပွားဖြစ် စမ်းသပ်စိုက်ပျိုးဖိုTLB က စိတ်ဝင် စားခဲ့ပေမယ့် ပြည်ထောင်စုစည်း မျဉ်း ဥပဒေအရ စမ်းသပ်စိုက်ပျိုးမှုကို အရင်ဆုံး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
          ဆာရာဝပ် ပြည်နယ်မှာ ရှေ့ပြေး စမ်းသပ်စိုက်ပျိုးခဲ့တာက အောင်မြင်မှု ရရှိခဲ့ပါတယ်။ တစ်ဟက်တာကို  မက်ထရစ်တန် ၁၀ တန်ထွက်ရှိတဲ့အတွက် မလေးရှားနိုင်ငံမှာထွက်ရှိတဲ့ အမျိုးသားအဆင့် ပျမ်းမျှအထွက်နှုန်းထက် ထူးထူး ခြားခြားပိုမိုခဲ့တာကိုတွေ့ရပါတယ်။''မလေးရှားအစိုးရရဲ့ မူဝါဒတွေနဲ့ ဆာရာဝပ်ပြည်နယ်မှာ ရရှိခဲ့တဲ့ ရလဒ် တွေကို ပီနန်ကျွန်းအတွက် ကျွန်တော်တို့တိုက်ရိုက်အသုံးပြုလို့မရပါဘူး''လို့ SL Agritech  စပ်မျိုးစပါး အထူး ကျွမ်းကျင်သူ ဖရစ်စကို မာလာဘာနန် ကပြော ပါ တယ်။ ပီနန်နဲ့   တခြားပြည်နယ်တွေမှာ ဆောင်ရွက်ခဲ့တဲ့ ရှေ့ပြေးစမ်းသပ် စိုက် ပျိုးမှုတွေ အရဟက်တာ ၁၀၀၀ လောက် ကို စီးပွားဖြစ်စိုက်ပျိုးနိုင်မယ်လို့ ခန့် မှန်းထားပါတယ်။ တခြားမလေးရှား ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေက လည်းSL Agritech Dona Maria  မှ မျိုးစေ့များ တင်သွင်းဖို့ စီစဉ်လျက်ရှိပါတယ်။

 

ဉာဏ်တင်