Main menu

Background

ထိုင်းနိုင်ငံက ဒစ်ဂျစ်တယ် စီးပွားရေးစီမံကိန်းရေးဆွဲ

Thu, 02/18/2016 - 10:50 -- journal_editor

           ထိုင်းနိုင်ငံ  သတင်းအချက်အလက်နဲ့ ဆက်သွယ် ရေးနည်းပညာဝန်ကြီးဌာနက ကြီးမှူးဆောင်ရွက်တဲ့ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးမှုစီမံကိန်းကို ယာယီအမျိုးသား ဒစ်ဂျစ်တယ် စီးပွားရေးကော်မတီက ဖေဖော်ဝါရီ ၈ ရက် မှာ အတည်ပြုခဲ့ကြောင်း နေးရှင်းသတင်းမှ ာဖော်ပြပါတယ်။  ဝန်ကြီးဌာနက သက်ဆိုင်ရာ အဖွဲ့အစည်းများ နဲ့တွေ့ဆုံဆွေးနွေးပြီး စီမံကိန်းနဲ့ပတ်သက်တဲ့ သဘောထားများ ရယူပြီးနောက် မတ်လမှာ ဝန်ကြီးအဖွဲ့က စဉ်းစားဆုံးဖြတ်နိုင်ဖို့ ဝန်ကြီးအဖွဲ့ထံ ဆက်လက်တင်ပြ သွားမှာဖြစ်ပါတယ်။
            ဒစ်ဂျစ်တယ်စီးပွားရေး ဥပဒေမူကြမ်းကို အမျိုးသားဥပဒေပြဋ္ဌာန်းရေး ညီလာခံ ကလည်း လာမယ့်လထဲမှာ ဆွေးနွေးသွားမှာဖြစ်ကြောင်းICT ဝန်ကြီး ဥတာမာဆာ ဗန်နာယာနာက ပြောပါတယ်။ အနှစ် ၂၀ ဒစ်ဂျစ်တယ် စီးပွားရေး  စီမံကိန်းမှာ ခေတ်မီ  ဘရော့ဘင်ကွန်ရက်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြန့်ကျက်ရေး၊ ဒစ်ဂျစ် တယ်နည်းပညာ အခြေပြုစီးပွားရေးနဲ့ လူ့အဖွဲ့အစည်းအဖြစ် တိုးမြှင့်ရေး၊ အစိုးရအီလက်ထရွန်းနစ် ဝန်ဆောင်မှု (E Services) တည်ထောင်ရေး၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ လူ့အဖွဲ့အစည်းမှာ လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု ထူထောင်ရေးနဲ့ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုရာမှာ ပြည်သူ ယုံကြည်မှုရရှိရေးဆိုတဲ့ အချက် တွေကို အလေးပေး ေ ဆာင်ရွက်သွားမှာဖြစ်ပါတယ်။
          စီမံကိန်းကိုအကောင်အထည်ဖော်ရာမှာ ဒစ်ဂျစ်တယ်  အခြေခံအဆောက် အအုံ တည်ဆောက်ရေး၊ ဒစ်ဂျစ်တယ် စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းအဖြစ်ထူထောင် ရေး၊ တစ်နိုင်ငံလုံး  အတိုင်းအတာဖြစ် ဒစ်ဂျစ်တယ်လုပ်ငန်း အပြည့်အ၀ အကောင်အထည်ဖော်ရေးနဲ့  ထိုင်းနိုင်ငံကို ဖွံ့ဖြိုးလာအောင် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုမြှင့်တင်ရေးစတဲ့ အဆင့်လေးဆင့်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ အခမဲ့ဝိုင်ဖိုင်ဝန်ဆောင်မှု  လုပ် ငန်း ပွိုင့် ၁၀၀၀၀ တပ်ဆင်သွားဖို့ ချမှတ်ထားတဲ့ဝန်ကြီးဌာနရဲ့ စီမံကိန်းနဲ့အညီ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံကို လာမယ့်  ၁၈ လအတွင်း အကောင်အထည်ဖော်တည်ဆောက်သွားမှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ဘရော့ ဘင်လိုင်းများနဲ့ ဝါယာလက် ဆက်သွယ်ရေးပွိုင့်များ ကို  အလျင်အမြန် ထူထောင်ရေး၊ ရေအောက်ကေဘယ်ကွန်ရက် စွမ်းဆောင်ရည် နှစ်ဆထိမြှင့်တင်ရေးနဲ့အသေးစားနဲ့ အလတ်စား၊ အွန်လိုင်းဆိုင်များ အနည်းဆုံး  ၁၀၀၀၀ အ ထိ ဖွင့်လှစ်နိုင်ရေးအတွက် စီမံကိန်းမှာဖော်ပြထားပါတယ်။ အလားတူ အမျိုးသားဒေတာစင်တာများ ထူထောင်ရေးအတွက် တင်ပြထားတဲ့ အဆိုပြုချက်ကိုလည်း ဖေဖော်ဝါရီ  ၈ ရက်က ကျင်းပတဲ့အစည်းအဝေးက အတည်ပြုပါတ ယ်။