Main menu

Background

တရုတ် ZTE ကုမ္ပဏီအား တင်ပို့မှု ကန့်သတ်ချက်ကို အမေရိကန်ပြည်ထောင်စုက ယာယီသက်သာခွင့်ပေး

Fri, 04/01/2016 - 11:14 -- journal_editor

  အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ် ဆို့မှုပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ ဖောက်ဖျက်မှုကြောင့် တရုတ်တယ်လီ ကွန်ဆက်သွယ်ရေးကိရိယာနဲ့ စမတ်ဖုန်း ထုတ်လုပ်သူZTE  ကော်ပိုရေးရှင်းအား    ပို့ကုန်ကန့်သတ်မှုများကို အမေရိကန်   ပြည်ထောင်စုက ချမှတ်ခဲ့ပါတယ်။ ဒါပေ မဲ့ အစိုးရက အဆိုပါကန့်သတ်ချက်များကို ယာယီအားဖြင့် ရုပ်သိမ်းပေးခဲ့ကြောင်း အမေရိကန်    စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတစ်ဦးရဲ့    ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြ ပါတယ်။
မတ်လစောစောပိုင်းက ချမှတ် ခဲ့တဲ့အမေရိကန်စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့   ကန့် သတ်ချက်များကြောင့်    အမေရိကန် ကုမ္ပဏီများက ZTE အတွက် အမေရိ ကန်မှ ထုတ်လုပ်တဲ့ စက်ကိရိယာနဲ့ စက် အစိတ်အပိုင်း   တင်ပို့ရာမှာ   ပို့ကုန်           လိုင်စင်ရရှိဖို့ အခက်အခဲရှိခဲ့ပါတယ်။
လိုင်စင်လျှောက်ထားမှုတွေကို ဝန်ကြီးဌာနက ယေဘုယျအားဖြင့် ငြင်း ပယ်ခဲ့ပါတယ်။ ဒါပေမယ့် ZTE က မတ်  ဒုတိယပတ်အတွင်းမှာ   ဝန်ကြီးဌာနနဲ့ တွေ့ဆုံဆွေးနွေးမှုများ      ပြုလုပ်ခဲ့ ကြောင်း အေဂျင်စီမှ အဆင့်မြင့်အရာ ရှိတစ်ဦးက ပြောပါတယ်။
''ယခုလို  ကြိုးပမ်းဆောင်ရွက်ခဲ့ တဲ့အတွက်ကြောင့်လည်းကောင်း ZTE က အမေရိကန်အစိုးရကို   ပေးခဲ့တဲ့ ကတိကဝတ်များအရ    လည်းကောင်း လိုင်စင်လျှောက်ထားရာမှာလိုအပ်တဲ့ တချို့အချက်တွေကို    ယာယီအားဖြင့် သက်သာခွင့်ပေးခဲ့ပါတယ်။အမေရိကန် အစိုးရကိုပေးထားတဲ့    ကတိကဝတ် တွေကိုZTE  က လိုက်နာစောင့်ထိန်းမှ သာ   ဆက်လက်ပေးသွားမှာဖြစ်ပါ တယ်''လို့ သူကပြော ပါတယ်။
အမေရိကန်နိုင်ငံက ချမှတ်ထား တဲ့ အပြည်ပြည်ဆိုင်ရာစံနှုန်းများကို လိုက်နာသွားမှာဖြစ်ကြောင်းနဲ့ ပြဿ နာကိုအမြန်ဆုံးဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ဆက် လက်ပြီးဆက်သွယ်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ZTE ကပြောပါတယ်။