Main menu

Background

၂၀၁၅ - ၂၀၁၆ သီးနှံရာသီအတွင်း အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီအထွက်နှုန်း တန်ချိန် သန်း ၂၀ ကျော်အထိ မြင့်တက်မည်ဟု ခန့်မှန်း

Tue, 05/03/2016 - 10:59 -- journal_editor

ရာသီဥတုသင့်တင်မျှတမှုနှင့် ဈေးနှုန်းကောင်းမွန်ခြင်းတို့ကြောင့် စိုက်ဧက မြင့်တက်လာရာအိန္ဒိယနိုင်ငံ ၏ ကြက်သွန်နီအထွက်နှုန်းသည် ၂၀၁၅ -၂၀၁၆ နှစ်၊ သီးနှံ ရာ သီကာလ ဖြစ်သည့် (ဇူလိုင်လမှဇွန်လ)အတွင်း စံချိန် သစ်ဖြစ်သည့် တန်ချိန်၂၀၃ သိန်း အထိ မြင့်တက်လိမ့်မည်ဟု ခန့်မှန်း ထားကြောင်း၊ ၂၀၁၄-၁၅ ခုနှစ်၊ သီးနှံ ရာ သီ ကာလအတွင်း မိုးနည်းပါးသဖြင့် အထွက်နှုန်းကျဆင်းခဲ့ရာ တန်ချိန် ၁၈ ဒသမ ၉၂ သန်းရှိခဲ့ပြီး၊ ၂၀၁၃-၁၄တွင် ၁၉ ဒသမ ၄သန်းရှိခဲ့ကြောင်း၊ နွေရာသီ ကာလ အတွင်း  ကြက်သွန်ဈေးနှုန်း ကောင်းမွန်မှုသည် တောင်သူ လယ်သမားများအား ဆောင်းရာသီတွင် ကြက်သွန်နီဧက ပိုမိုစိုက်ပျိုးရန် တွန်း အားဖြစ်စေခဲ့သည်ဟု အမျိုး သားဥယျာဉ်ခြံ စိုက် ပျိုးရေး သုတေသန နှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(NHRDF) ညွှန်ကြားရေးမှူး RP Gupta PTI က ပြောကြားခဲ့ကြောင်း သိရပါ သည်။ ယခုနှစ် တွင် ဟက်တာ ဧက ၁၂သိန်း၌ ကြက်သွန်နီစိုက်ပျိုးခဲ့ရာ ယခင် နှစ်ကစိုက်ပျိုး ခဲ့သည့် ဟက်တာဧက ၁၁ ဒသမ ၇၃ သိန်းထက်အနည်းငယ် ပိုခဲ့ကြောင်း ၊ ဆောင်းရာ သီ စိုက်ကြက်သွန်နီများအနေဖြင့် လက်ရှိအချိန်အထိအခြေအနေကောင်းမွန်ကြောင်း၊ အထွက်နှုန်းမှာ ပြီးခဲ့သည့်နှစ်ထက်၁၅ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း ထိ မြင့် တက် နိုင် မည်ဟု ခန့်မှန်းထားကြောင်း၊ ယခု အခါ မဟာရသျှတ္တရာနှင့်ဂူဂျာရတ်၊ မဒ္ဒရာ ပြည်နယ်တို့တွင်  ဆောင်း ကြက်သွန်နီများ စတင်နုတ်သိမ်းနေပြီ ဖြစ်ကြောင်း၊ မိုးရာသီတွင် အသုံးပြုရန် အတွက် ဆောင်း ကြက်သွန်နီများကိုသာသိုလှောင်လေ့ရှိကြပြီး လယ်သမားများ နှင့်ကုန်သည်များသည် ကြက်သွန်နီ သိုလှောင်မှု စတင်နေ ကြ ပြီဖြစ်ကြောင်း၊ ဈေးကွက်တွင် ကြက်သွန်နီအရည် အသွေးကောင်းမွန်ခြင်းကြောင့် လက် ရှိ နှစ် အတွက် ကြက်သွန်နီတန်ချိန် ၄၅ သိန်းဝန်းကျင် သိုလှောင်လိမ့် မည် ဟု ခန့်မှန်းထားကြောင်း၊ မဟာရသျှတ္တရာ ပြည်နယ်ရှိ တောင်သူလယ်သမားများ အနေဖြင့် ပျမ်းမျှလက်ကားဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ရှစ်ရူပီး ရ ရှိနေ ကြ ကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ် အပေါ် အနည်းဆုံး ၂၀ ရာခိုင်နှုန်း အမြတ်အစွန်းရရှိနေသည်ဟုGupta ကပြောကြားထားကြောင်း သိရပါ သည်။ အိန္ဒိယနိုင်ငံ ၏ နှစ်စဉ်ထွက် ရှိ သည့် ကြက်သွန်နီအထွက်နှုန်း၏ ၆၀ ရာခိုင်နှုန်းနီးပါးသည် ဆောင်း ကြက်သွန်နီများဖြစ်ကြပြီး ၊ နွေရာသီနှင့် နွေရာသီနှောင်းပိုင်းတွင် စိုက်ပျိုးသည့် ကြက်သွန်နီများမှာ ၂၀ ရာခိုင်နှုန်းစီဖြစ် ကြောင်း၊ ဆောင်းကြက်သွန်နီများကို အိန္ဒိယနိုင်ငံပြည်နယ်အားလုံးနီးပါး တွင် စိုက်ပျိုးကြပြီး၊ အဓိကစိုက်ပျိုး သည့် ပြည်နယ် များမှာ မဟာသျှတ္တရာ၊ ဂူဂျာရတ်၊ မဒ္ဒရာပရာဒေ့ရှ်၊ အနောက် ဘင်္ဂလား၊ ဘီဟာဂျာဂျတ်စသန်း၊ သြရီဿနှင့်ဥတ္တရာပရာဒေ့ရှ် ပြည်နယ် တို့ဖြစ်ကြောင်း သိရသည်။