Main menu

Background

ဗီယက်နမ်ဆန်အတွက် အမျိုးသားကုန်အမှတ်တံဆိပ်လိုအပ်

Fri, 05/06/2016 - 14:20 -- journal_editor

 

ဗီယက်နမ်ဆန်အတွက် အမျိုးသားကုန် အမှတ်တံဆိပ်အမည်နာမတစ်ခု ထူထောင်ပေး နိုင်မယ်ဆိုရင် ကမ္ဘာ့ဈေးကွက်ထဲမှာ ဗီယက်နမ် ဆန်ရဲ့ ပို့ကုန်တန်ဖိုးနဲ့ ဂုဏ်သတင်းကို မြှင့်တင် ပေးနိုင်လိမ့်မယ်လို့  ဟိုချီမင်းစီးတီးမှာ ဧပြီ ၂၈ ရက်ကကျင်းပတဲ့  နှီးနှောဖလှယ်ပွဲမှာ     ကန်သို တက္ကသိုလ် ပါမောက္ခချုပ်ကပြောကြောင်း ဗီယက် နမ်သတင်းအေဂျင်စီရဲ့သတင်းမှာ ဖော်ပြပါတယ်။ ဗီယက်နမ်နိုင်ငံက  ကမ္ဘာ့ဆန်အများဆုံးတင်ပို့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့် ခိုင်မာတဲ့ကုန်အမှတ် တံဆိပ်အမည်မရှိတဲ့အတွက်  တခြားဆန်တင်ပို့ တဲ့နိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် ယှဉ်ပြိုင်နိုင်မှုစွမ်း ရည်ကျဆင်းလာကြောင်း ပါမောက္ခဗိုတောင်စွန် က ပြောပါတယ်။ဗီယက်နမ်ဆန်ကို အရည်အသွေးတောင်း ဆိုချက်နည်းတဲ့ ဈေးကွက်တွေကို အဓိကတင်ပို့ တာဖြစ်တဲ့အတွက် ဗီယက်နမ်ဆန်စိုက်ပျိုးသူတွေ နဲ့ ပြည်ပတင်ပို့သူတွေက   အရည်အသွေးထက် အရေအတွက်ကို ဦးစားပေးထုတ်လုပ်ကြပါတယ်။ကမ္ဘာ့ဆန်ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်မှုတွေ က တိုးတက်ပြင်းထန်လာကြောင်း သူကပြောပါ တယ်။ ကုန်အမှတ်တံဆိပ်  နာမည်ရှိတဲ့ ဆန်ကို တင်ပို့နိုင်အောင်ဆောင်ရွက်ဖို့ လိုအပ်ကြောင်းသူ ကပြောပါတယ်။ ဗီယက်နမ်မှာ ဆန်မျိုးကောင်း တွေရှိပေမယ့် လယ်သမားတွေက အထွက်များတဲ့ ဆန်ကိုစိုက်ပျိုးပြီး  အရည်အသွေးပိုကောင်းတာ ကိုမသုံးပါဘူး။   ဒီသဘောထား  အယူအဆက အခြားနိုင်ငံက လယ်သမားတွေနဲ့ ကွာခြားမှုရှိနေ ကြောင်းလည်းသူကပြောပါတယ်။
ဗီယက်နမ်   စီးပွားရေးလုပ်ငန်းတွေက အရည်အသွေးအမျိုးမျိုးရှိတဲ့ ဆန်ကိုရောပြီးဈေး နှုန်းယှဉ်ပြိုင်နိုင်မှုရှိအောင် ဆောင်ရွက်တဲ့အတွက် ဗီယက်နမ်ဆန်တွေရဲ့ ဂုဏ်သတင်းကို ပျက်ပြားစေ ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် မှာ ဗီယက်နမ်ဆန် အတွက်  ခိုင်မာတဲ့   ကုန်အမှတ်တံဆိပ်အမည်   တည် ဆောက်ရေးစီမံကိန်းကို    ဗီယက်နမ်အစိုးရက အတည်ပြုပေးခဲ့ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ အတွက် ကုန်ထုတ်လုပ်မှု၊ ကြိတ်ခွဲ၍ဆင့်တက် ပြုပြင်မှုနဲ့  ဆန်ဖြူ၊ ဆန်မွှေးနဲ့  အထူးဆန်  စတဲ့ အဓိက ဆန်သုံးမျိုးဖြန့်ဖြူးရေးတို့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းသွားမှာ ဖြစ်ပါ တယ်။
ကုန်အမှတ်တံဆိပ်တည် ဆောက်ရေးရည် မှန်းချက်ကို အခြေခံအားဖြင့်  ချမှတ်ထားပြီး ဖြစ်ပေမယ့် ဆောင်ရွက်စရာတွေ အများအပြား တည်ရှိနေကြောင်းလည်း သူကပြောပါတယ်။
ဉာဏ်တင်