Main menu

Background

၂၀၁၆ ခုနှစ်မှာ စင်ကာပူရှိ လုပ်ငန်းကဏ္ဍငါးခုတွင် လစာကောင်းရမည်

Fri, 05/13/2016 - 13:39 -- journal_editor

သုတေသနလုပ်ငန်း  ကယ်လီဆားဗစ်ရဲ့အစီရင်ခံစာသစ်အရ ယခုနှစ် စင်ကာပူနိုင်ငံမှာ သတင်းအချက်အလက်  နည်းပညာ (အိုင်တီ)၊ စာရင်းကိုင်၊  အရောင်းနဲ့  ဈေးကွက်ရှာဖွေရေး၊ ဘဏ်နဲ့  ဘဏ္ဍာရေးလုပ်ငန်း၊ ကျန်းမာရေးေ စာင့် ရှောက်မှုနဲ့ သက်ရှိသိပ္ပံစတဲ့ ကဏ္ဍငါးခုမှာရှိတဲ့ အလုပ်အကိုင်များက လစာကောင်းရမယ့်လုပ်ငန်း တွေဖြစ်ကြောင်း   စထရိတ်တိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။ရေနံစိမ်း၊ သဘာ၀ ဓာတ်ငွေ့နဲ့  ရေနံဓာတု ပစ္စည်း၊ ဆေးဝါးနဲ့ တစ်ပိုင်း လျှပ်ကူးပစ္စည်းထုတ် လုပ်ရေးလုပ်ငန်းသုံးမျိုးက ယခင်နှစ်ကထိပ်တန်း လုပ်ငန်းကဏ္ဍ  ငါးခုစာရင်းထဲမှာ ပါဝင်ခဲ့ပေမယ့် ကုန်စည်နဲ့ ကုန်ထုတ်လုပ်မှုလုပ် ငန်းထုတ်ကုန်တွေ ရဲ့ ကမ္ဘာ့ဝယ်လိုအားကျဆင်းမှုကြောင့်ယခုနှစ် မှာ ပါဝင်ခြင်းမရှိတော့တာကို တွေ့ရပါတယ်။Kelly Singapore 2016 Salary Guide  အစီရင်ခံစာအရ အိုင်တီလုပ်ငန်းက ၂၀၁၆ ခုနှစ် စာရင်းမှာ ထိပ်ဆုံးကပါဝင်နေပြီး နည်းပညာလုပ် ငန်းမှာ ဦးဆောင်သူတွေရဲ့ လစာက တစ် လ ကို စင်ကာပူဒေါ်လာ ၁၃၀၀၀ နဲ့ ၂၄၀၀၀ အကြားရရှိ မယ်လို့ ခန့်မှန်းထားပါတယ်။   သတင်းအချက် အလက်   ဆက်သွယ်ရေးကဏ္ဍ   တိုးတက်ရေး အတွက် အစိုးရက  အားသွန်ခွန်စိုက်ကြိုးပမ်းမှု ကလည်း အိုင်တီ လုပ် ငန်း ကိုလစာအကောင်းဆုံး လုပ်ငန်းတွေထဲမှာ ပါဝင်စေတဲ့   အကြောင်းရင်းတစ်ခုဖြစ်ကြောင်း သုတေသနအဖွဲ့ကဆိုပါတယ်။လုပ်ငန်း သဘာဝအရ ၂၀၁၆ ခုနှစ်မှာ အရေး ပါလာနိုင်တဲ့ လုပ်ငန်းတွေက စေ့စပ်ညှိနှိုင်းရေး မန်နေဂျာ ၊ ဘဏ္ဍာရေးနည်းပညာ၊ ဒေတာအချက် အလက်များစုဆောင်းသူ၊ ဒစ်ဂျစ်တယ်ဈေးကွက် ရှာဖွေရေး မန်နေဂျာနဲ့ ကြီးကြပ်ထိန်းသိမ်းမှုဆိုင် ရာ ကျွမ်းကျင်သူများဖြစ်ပါတယ်။''ကမ္ဘာ့စီးပွားရေး မှာ စိန်ခေါ်မှု တွေရှိနေပေ မယ့်ဘဏ္ဍာေ ရး ဆိုင်ရာနည်းပညာ၊ ဒေတာအချက် အလက်များ စုဆောင်းရေးစတဲ့ လုပ်ငန်းတွေမှာ အလားအလာကောင်းတွေ ရှိနေပါတယ်။ ကျွမ်း ကျင်သူတွေလိုအပ်နေတဲ့ ဒစ်ဂျစ်တယ်ဈေးကွက် ရှာဖွေရေးလုပ်ငန်း များက လည်း ၂၀၁၆ ခုနှစ်တစ် နှစ်လုံးမှာ ဆက်လက်တိုးတက်နေဦးမှာ ဖြစ်ပါ တယ်''လို့ Kelly Services Singapore  ရဲ့ ဒုတိယ ဥက္ကဋ္ဌနဲ့ စင်ကာပူနိုင်ငံဆိုင်ရာ အထွေထွေမန်နေ ဂျာ ဖူးဆီယန်းက ပြောပါတယ်။အသိပညာရှင် များ၊   မန်နေဂျာများ၊   အမှု ဆောင်များနဲ့ နည်းပညာရှင်  (PMETs) များမှာ စီးပွားရေးကျဆင်းမှုဒဏ်ကို အပြင်းထန်ဆုံးခံစား ခဲ့ရတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် ဆက်လက် ရှင်သန်နိုင်ရေးအတွက် မိမိတို့ကျွမ်းကျင်မှုကိုမြှင့် တင်ဖို့နဲ့ ဖွံ့ဖြိုးမှုနယ်ပယ် သစ်တွေနဲ့ ဆိုင်တဲ့ သူတို့ ရဲ့ စွမ်းရည်တွေပြည့်ဝအောင်  ကြိုးစားကြဖို့လို တယ်လို့   ဆိုပါတယ်။ ကမ္ဘာ့စီးပွားရေး   မတည် မငြိမ်ဖြစ်နေတဲ့အတွက် လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းရာမှာ ယာယီလုပ်ငန်းနဲ့  ကန်ထရိုက် လုပ်ငန်း အဖြစ်သာ ငှားရမ်းဆောင်ရွက်တဲ့အလုပ် ရှင်တွေ ပိုမိုများပြားလာကြောင်း သုတေသနအဖွဲ့ က ပြောပါတယ်။                         

       ဉာဏ်တင်