Main menu

Background

ဘဏ်လိုင်စင်ထုတ်ပေးရန်အတွက် အိန္ဒိယဗဟိုဘဏ်က အမြဲတံခါးဖွင့်ထားမည်

Fri, 05/13/2016 - 13:41 -- journal_editor

ကမ္ဘာ့အဆင့်မီ တင်းပြည့်ဘဏ်များ ဖွင့်လှစ်ရန် လျှောက်ထားမှုများကို လက်ခံရန်အတွက် အမြဲတမ်းတံခါးဖွင့်ထားမယ်လို့  အိန္ဒိယဗဟိုဘဏ်ကပြောကြောင်း တိုင်းမ်အော့မ်အိန္ဒိယသတင်းမှာ ဖော်ပြပါတယ်။   ဗဟိုဘဏ်က ယခင် ကချမှတ်ထားတဲ့ နည်းလမ်းများအနက် အဓိကအားဖြင့် ပြောင်းလဲမှုနှစ်ခုကို ပြုလုပ်ပေးခဲ့ပါ တယ်။ ကုမ္ပဏီကြီးများကို ဘဏ်သစ်ဖွင့်ခွင့်မပေးဘဲ တစ်သီးပုဂ္ဂလဖွင့်လှစ်မည့်သူ များကိုသာ  ဖွင့်ခွင့်ပေးခဲ့တာ ဖြစ်ပါ တယ်။ စောစော ပိုင်းကမူ ဘဏ်ဖွင့်လှစ်မည် ဆိုပါက ဦးပိုင်ကုမ္ပဏီတစ်ခုကို ဖွင့်လှစ်ထားရမှာဖြစ်ပေမယ့် တစ်သီးပုဂ္ဂလ ဘဏ် ဖွင့်မည့်သူများက ထိုသို့ဖွင့်လှစ်ရန်မလိုကြောင်း အဲဒီသတင်းမှာ ဖော်ပြပါတယ်။ ကုမ္ပဏီကြီးများကို ဘဏ်သစ် ဖွင့်ခွင့် မပေးပေမယ့် ဘဏ်အသစ်ထဲမှာ ၁၀ ရာခိုင်နှုန်း   ရင်းနှီးမြှုပ်နှံခွင့်ပေးထားပါ တယ်။စောစောပိုင်းက ဘဏ်လိုင်စင်ချပေးရာမှာ ချမှတ်ထားတဲ့ စံနှုန်းသတ်မှတ် ချက်အရ ဘဏ်ဖွင့်လှစ်မယ့်သူက   ဦးပိုင်ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထား ဖို့ လိုအပ်ပါ တယ်။ ယခုလမ်းညွှန်မူကြမ်းမှာ  ဘဏ်သစ်ဖွင့်မယ့်သူက ဦးပိုင်ကုမ္ပဏီရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ဖို့ လိုအပ်ပါတယ်။ယခုဘဏ်သစ်ထူထောင်ရာ တွင် ယခင်ကကဲ့သို့ပင် ဘဏ်ကစီးပွားရေးလုပ် ငန်းများ စတင်ဆောင်ရွက်တဲ့အချိန်မှ ခြောက်နှစ်အတွင်း စတော့အိပ်ချိန်းမှာ မှတ်ပုံ  တင်ဖို့လိုအပ်ပါမယ်။ ဘဏ်သစ်တွေက ဘဏ်ခွဲအသစ်တွေ   ဖွင့်လှစ်မယ်ဆိုရင် ၂၅ ရာခိုင်နှုန်းကို ဘဏ်လုပ်ငန်းဖွင့်လှစ်နိုင်ခြင်းမရှိသေး တဲ့  ကျေး လက်ဒေ သတွေမှာ ဖွင့်လှစ်ပေးရမှာ ဖြစ်ပါတယ်။