Main menu

Background

စင်ကာပူရှိ ဆွစ်ဇာလန်BSI ဘဏ်ကို ပိတ်သိမ်းဖို့ အမိန့်ထုတ်

Fri, 06/03/2016 - 14:43 -- journal_editor

စင်ကာပူတွင် လုပ်ငန်းဆောင်ရွက်နေတဲ့ ဆွစ်ဇာလန်မBSI ဘဏ်ကို ပိတ်သိမ်းဖို့ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (MAS)  က မေ ၂၄ ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ကြောင်း ရှင်ဝှာ သတင်းမှာ ဖော်ပြပါတယ်။
ငွေကြေးခဝါချမှု တိုက်ဖျက်ရေးစည်းမျဉ်းများကို ချိုး ဖောက်ခြင်း၊ ဘဏ်လုပ်ငန်းများကို   ကြီးကြပ်ရာတွင် စီမံခန့်ခွဲ မှုညံ့ဖျင်းခြင်းနဲ့ အချို့သောဘဏ်ဝန်ထမ်းများရဲ့ အကျင့် သိက္ခာပျက်ပြားမှု
တို့ကြောင့်  ကုန်သွယ်မှုဘဏ်အဖြစ် စင်ကာပူ ရှိ ဆွစ်ဇာလနBSI  ဘဏ်က ဆောင်ရွက်နေခြင်းကို   ရပ်ဆိုင်းဖို့ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။
ထို့ပြငBSI ဘဏ်ရဲ့ အကြီးတန်းအရာထမ်းနဲ့ ဝန်ထမ်း ခြောက်ဦးကို  (MAS) က တရားရုံးသို့  လွှဲပြောင်းပေးပို့ပြီး ပြစ်မှု      ကျူးလွန်ခြင်း ရှိ၊  မရှိစစ်ဆေးစေခဲ့ပါတယ်။ BSI  ဘဏ်က ၂၀၀၅ ခုနှစ်မှစပြီး
စင်ကာပူနိုင်ငံမှာ  ကုန်သွယ်မှုဘဏ်အဖြစ် လုပ်ငန်းဆောင်ရွက်ခဲ့တာဖြစ်ပြီး    ပုဂ္ဂလိကဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေပေးခဲ့တာဖြစ်ပါတယ်။ စင်ကာပူရBSI ဘဏ် ကို ဆွစ်ဇာလန်ရှိ(MAS) ဘဏ်က ရာနှုန်းပြည့်ပိုင်ဆိုင်ထား ပါတယ်။
''ဘဏ်ကိုဖျက်သိမ်းပြီးဖြစ်ပါတယ်။ ဘဏ်ရဲ့ ရရန်ပိုင် ခွင့်တွေက ပေးရန်တာဝန်နဲ့  ကတိကဝတ်တွေထက်ပိုမိုနေပါ တယ်။ ဆွစ်ဇာလန်မှာရှိတဲ့ မိခင်ဘဏ်ဖြစ်တဲ့(MAS)ကလည်း ထောက်ပံ့မှုအပြည့်အဝပေးထား ပါတယ်။ စင်ကာပူရှိBSI ဘဏ်ကိုစနစ်တကျရပ်ဆိုင်းနိုင်ဖို့အတွက် (MAS) က ဆွစ်ဇာ လန်ရှိ ဆွစ်ဇာလန်ဘဏ္ဍာရေးဈေးကွက်ကြီးကြပ်ရေး အာဏာ ပိုင်အဖွဲ့(MAS)  နဲ့ အတူပူးပေါင်း
ဆောင်ရွက်နေပါတယ်''လို့(MAS) ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
၂၀၁၁ ခုနှစ်မှာ (MAS)ကBSI ဘဏ်ကို စစ်ဆေးခဲ့ရာ မှာBSI  ရဲ့ ဆောင်ရွက်ချက်တွေမူဝါဒအရယိုပေါက်တွေ ရှိနေသလို ထိန်းသိမ်းရေးလုပ်ငန်းတွေမှာလည်း  အားနည်းမှု ရှိခဲ့တာကို တွေ့ရပါတယ်။